သာယာဝတီ ဧပြီ ၅

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်၌ အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သောရောဂါများဖြင့် ပြည်သူ့ဆေးရုံများသို့ လာရောက်ပြသသော လူနာများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ယနေ့နံနက်ပိုင်းက သိရသည်။

 

သို့ဖြစ်ရာ သာယာဝတီမြို့ ပြည်သူ့ဆေးရုံနှင့် သာယာဝတီမြို့နယ် စံရွေးတိုက်နယ်ဆေးရုံတို့တွင် လူနာများလက်ခံကုသပေးမည့်နေရာ ကြိုတင်စီစဉ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ဖြည့်ဆည်း ပြင်ဆင်ထားရှိခြင်း၊ လူနာများအား ကျန်းမာရေးပညာပေးခြင်းအပါအဝင် အပူဒဏ်အန္တရာယ်နှင့် ပတ်သက်သော ကျန်းမာရေးပြဿနာများ ကာကွယ်ကုသရေးအတွက် လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)