သဲကုန်း  ၁၈  ဇွန်

 

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့အဝင် ရွှေဘုန်းရှိန် ဘုရားရှေ့လမ်းဆုံ၌ ယနေ့နံနက်ပိုင်းမှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် တာဝန်ရှိသူများမှပုတီးကုန်း-သဲကုန်း - ဆင်မြီးဆွဲ - ပေါင်းတလည် - ​ပြည်လမ်းတို့ ဆုံမှတ်နေရာဖြစ်သော အဆိုပါလမ်းဆုံရှိ စစ်ဆေးရေးဂိတ်တွင် မြို့အတွင်း ဝင်ရောက်လာကြသူများကို ပါးစပ်နှာခေါင်းစည်း (mask) တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ mask ကို စနစ်တကျ တပ်ဆင်သွားလာရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြုမူနေထိုင်သွားလာရေး အသိပညာပေးနှိုးဆော်ခြင်း၊ mask စနစ်တကျ တပ်ဆင်ပြီးမှသာ မြို့တွင်းသို့ ဝင်ထွက်သွားလာစေခြင်း စသည်တို့ကို ကနဦးပညာပေး ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါစစ် ဆေးရေးဂိတ်ကို နေ့စဉ် နံနက် () နာရီမှ ညနေ () နာရီအထိ ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ် နိုင်ရေး ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

 

နိုင်လင်း(သဲကုန်းပြန်/ဆက်)

mdn