သဲကုန်း   ဖေဖော်ဝါရီ   ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့၌ (၇၅ )နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘက်စုံသုံးခန်းမ ဖွင့်ပွဲကို ဖေဖော်ဝါရီ ၁ ရက်က သဲကုန်းမြို့နယ်၊ ဇီးကုန်းအုပ်စု၊ သရက်ကုန်းကျေးရွာ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဉ်ထွေးက အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လေးလေးလွင်က လူထု ဗဟိုပြုစီမံကန်းမှ ထောက်ပံ့ငွေ ကျပ် ၁၁ ဒသမ ၆၁၈၇၈ သန်း၊  ပြည်သူထည့်ဝင်ငွေ ကျပ် ၀ ဒသမ ၁၉၆၇၅၀ သန်းဖြင့် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဘက်စုံသုံးခန်းမကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဉ်ထွေး၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဟံအေးနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်လေးလေးလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ 

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)