သဲကုန်း ဖေဖော်ဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖေဖောဝါရီ ၁ ရက်က စက်မှုလယ်ယာဦးစီးဌာန ရုံးရှေ့မြေနေရာတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ဌာနဆိုင်ရာပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တစ်သင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ တစ်သင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တစ်သင်း၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တစ်သင်း၊ ပညာရေးဌာနမှ သုံးသင်း၊ ကျန်းမာရေးဌာနမှ တစ်သင်းနှင့် စက်မှုလယ်ယာဦးစီးဌာနမှ တစ်သင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရှိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)


