သဲကုန်း ဧပြီ ၆

 

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော ကျန်းမာရေးဆိုးကျိုးပြဿနာများ မဖြစ်ပွားစေရန်ရည်ရွယ်၍ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ် သတိပေးလိုက်လံနှိုးဆော်ခြင်းကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ လိုက်လံနှိုးဆော်သည်။

 

ထိုသို့လိုက်လံနှိုးဆော်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စိုးမြင့်အောင်၏ လမ်းညွှန်ချက်ဖြင့် ကျန်းမာရေးဝန်ကြီးဌာန မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အပူဒဏ်အန္တရာယ် ကာကွယ်ရေးသိကောင်းစရာများ၊ အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက်များ၊ အပူဒဏ်အန္တရာယ်ဖြစ်ပေါ်ခံစားရပါက ဆက်သွယ်ဆောင်ရွက်ရမည့် အချက်အလက်များကို ပြည်သူလူထုမှ ကြိုတင်သိရှိနိုင်စေရန် လိုက်လံနှိုးဆော်အသိပညာပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)