သဲကုန်း ဖေဖော်ဝါရီ ၄

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်၌ ကြံသီးနှံစိုက်ဧကများ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး၊ ကြံခုတ်သိမ်းနည်းစနစ် မှန်ကန်ရေးနှင့် လမိုင်းအထူးအထွက်တိုးရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့က အင်းပေါ်ငယ်ကျေးရွာအုပ်စု၌ ဆွေးနွေးသည်။

အဆိုပါ ပညာပေးဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဒေါ်ဥမ္မာမော် ဦးဆောင်သော ပညာရှင်အဖွဲ့နှင့် ပြည်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်မြေ အသုံးချရေးတာဝန်ခံ ဒေါ်အေးအေးမင်း၊  ခရိုင်မျိုးစေ့ တာဝန်ခံ ဒေါ်အိအိငြိမ်းတို့  ဦးဆောင်သော  ပညာရှင်အဖွဲ့တို့က ကြံစိုက်တောင်သူကြီးများ၊ ကြံခုတ်သည့် အလုပ်သမားများအနေဖြင့် ကြံခုတ်သိမ်းနည်းစနစ် မှန်ကန်စွာ ဆောင်ရွက်နိုင်ရေး၊ ကြံစိုက်တောင်သူကြီးများနှင့် ကြံခုတ်လုပ်သားများအား ကြံခုတ်သိမ်းမှု ကျွမ်းကျင် လုပ်သားများ  ဖြစ်ပေါ်လာစေရေးနှင့်  လမိုင်းအထူးအထွက်တိုးရေး အတွက်  လိုက်နာဆောင်ရွက်ရမည့် အချက်များကို  နည်းပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။   

မြို့နယ်(ပြန်/ဆက်)