သဲကုန်း ၂၇ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် လူစည်ကားသော နေရာများဖြစ်သည့် မြို့မဈေး၊ ကားဂိတ်နှင့် ရထားဂိတ်များရှိ ခရီးသွားပြည်သူများ၊ လဘက်ရည်ဆိုင်များရှိ ပြည်သူများအား ယနေ့နံနက် ၇ နာရီခွဲက ကိုရိုနာဗိုင်းရပ်စ်အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ်၏ ပြင်းထန်အဆုတ်ရောင်ရောဂါ အကြောင်းကို ပြည်သူများ သေချာစွာသိရှိနားလည် သဘောပေါက်ပြီး ရောဂါဖြစ်ပွားမှု မရှိစေရန် တစ်ကိုယ်ရည်သန့်ရှင်းစွာ နေထိုင်ရေးနှင့် လူထူထပ်သောနေရာများသို့ သွားရောက်ပါက နှာခေါင်းစည်း Mask များကို စနစ်တကျတပ်ရန်နှင့် ဆောင်ရန်ရှောင်ရန် နည်းလမ်းများကို သိရှိစေရန်အတွက် ယခုလိုအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးရခြင်းဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို သဲကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာခွန်မောင်အိုး ဦးဆောင်သော ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုး၀င်းနှင့် ၀န်ထမ်းများ၊ ပြန်/ဆက်ဦးစီးဌာန၀န်ထမ်းများနှင့် ရပ်ကွက်တာ၀န်ရှိသူများပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)


