mdn

သဲကုန်း ဇူလိုင် ၂၆

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ သဲကုန်းမြို့နယ်  ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Quarantine Centre များတွင် Volunteer အဖြစ် ဆောင်ရွက်နေသူများအား  ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ဦးယဥ်ထွေးက အမှာစကားပြောကြားပြီးနောက် Volunteer များအတွက် PPE ဝတ်စုံများ၊N95 Maskများ၊Surgical Mask များနှင့် Volunteer(၇၁)ဦးအတွက်တစ်နေ့လျှင်တစ်ဦး ၄၀၀၀ ကျပ်နှုန်းဖြင့်(၁၀)ရက်စာ ၂၈၄၀၀၀၀ ကျပ်ကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်ဝင်းထွန်းတို့မှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)