သဲကုန်းမြို့နယ်၌ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

သဲကုန်း မေ ၂၁

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၌ ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်ပိုင်းက အ.ထ.က သဲကုန်းကျောင်း၌ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးလင်းအောင်ပြည့်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက အ.ထ.က သဲကုန်းကျောင်း၏ ပတ်ဝန်းကျင်တစ်လျှောက် ပလပ်စတစ်များ၊ အမှိုက်များ၊ မြက်ပင်များ၊ ခြုံနွယ် ပိတ်ပေါင်းများရှင်းလင်းခြင်း၊ ရေမြောင်းဖော်ထုတ်ခြင်း ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်များဖြင့် သယ်ဆောင်ရှင်းလင်းကာ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)