သဲကုန်း ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် ရောဂါပိုးတွေ့ရှိသူများကို မြို့နယ်ခန်းမ ကိုဗစ်-၁၉ ကုသရေးစင်တာ၊ ပြည်သူ့ဆေးရုံ သံဃာဆောင်၊ အ.ထ.က(သဲကုန်း)၊ သီတဂူစက္ခုဒါနဆေးရုံတို့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၂၄ ရက်က ကျန်းမာရေးကောင်းမွန်သူ (၃၁)ဦး ဆေးရုံမှဆင်းခွင့်ပြုကြောင်း သိရသည်။
အဆိုပါကျန်းမာရေးကောင်းမွန်သူ (၃၁)ဦးအား မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးထောက်ခံချက် ဆေးလက်မှတ်များကို တာဝန်ရှိသူများမှပေးအပ်ကာ နေအိမ်အသီးသီးသို့ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့နေအိမ်တွင် (၇)ရက်ကြာနေထိုင်ကြရန်နှင့် ကျန်းမားရေးအသိပညာပေး အမှာစကားများပြောကြားခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့တွင် ဇွန် ၂၄ ရက်နေ့မှစ၍ သေဆုံးသူ (၁၄)ဦး၊ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၁၁၀)ဦးနှင့် ကုသဆဲ(၃၃၀)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
နိုင်လင်း(မြို့နယ် ပြန်/ဆက်)


