သဲကုန်း  သြဂုတ်  ၈

 

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံရသူ ပြည်သူများနှင့် ၄င်းတို့၏မိသားစုဝင်များအား ဂျပန်နိုင်ငံပြည်သူများမှ ထောက်ပံ့လှူဒါန်းသည့် ဆန်ရိက္ခာများ လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေးက ဆန်များ​​ လှူဒါန်းထောက်ပံ့ပေးရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများအလိုက်ရရှိသော ဆန်ခွဲတမ်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အဆိုပါဆန်များမှာ ဂျန်နိုင်ငံမှပြည်သူများက ပေးပို့ထောက်ပံ့လှူဒါန်းခဲ့ခြင်းဖြစ်ပြီး သဲကုန်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံရသူ (၉၄)ဦးရှိကာ မိသားစုဝင်တစ်ဦး အပါအဝင်  စုစုပေါင်း (၁၈၈)ဦးအတွက် တစ်ဦးလျှင် ဆန် ၁၄ ပြည်နှုန်းဖြင့် စုစုပေါင်း ဆန်(၅၄)အိတ် ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)