သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများအနက် ရောဂါပျောက်ကင်းသူ(၄၂) ဦး ဆေးရုံမှဆင်းခွင့်ပြု

mdn

သဲကုန်း သြဂုတ် ၂

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများကို အထက(သဲကုန်း)၊ အထက(ဆင်မြီးဆွဲ)၊ မြို့နယ်ခန်းမ၊သီတဂူမျက်စိဆေးရုံ၊ပုတီးကုန်းဘိုးဘွားရိပ်သာများတွင်ထားရှိပြီး ကျန်းမာရေးဦးစီး ဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန် နေ့က ကျန်းမာရေးကောင်းမွန်သူ(၄၂)ဦး ဆေးရုံမှဆင်းခွင့်ပြုကြောင်း သိရသည်။ 

 

အဆိုပါကျန်းမာရေးကောင်းမွန်သူ (၄၂)ဦးအား တာဝန်ရှိသူများက ကျန်းမာရေးထောက်ခံချက်ဆေးလက်မှတ်များကို ပေးအပ်ကာ နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့နေအိမ်တွင် (၇)ရက်ကြာ နေထိုင်ကြရန်နှင့် ကျန်းမားရေးအသိပညာပေး အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

 

သဲကုန်းမြို့နယ်တွင် ဇွန်လ ၁ ရက်နေ့အထိ ဆေးရုံမှ ဆင်းခွင့်ရရှိသူ(၃၆၆)ဦးနှင့် ကုသဆဲ(၃၅၆)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)