ပေါင် ၁၁ သြဂုတ်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ မြေပြိုမှုဖြစ်ပွားရာနေရာတွင် ယရက်နေ့အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ညနေ ၆ နာရီ ၁၃ မိနစ် အချိန်အထိ သေဆုံးသူ(၁)ဦး၏ ရုပ်အလောင်းအား ထပ်မံ ရှာဖွေတွေ့ရှိခဲ့သဖြင့် စုစုပေါင်းသေဆုံးသူ (၅၂)ဦး ရှာဖွေတွေ့ရှိပြီးဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဦးစီးဌာနမှ သိရသည်။
Update - ည ၇ နာရီ မိနစ် ၂၀ အချိန် သေဆုံးသူရုပ်အလောင်း(၁)ဦးထပ်မံတွေ့ရှိသဖြင့် စုစုပေါင်းသေဆုံးသူ (၅၃)ဦး ရှာဖွေတွေ့ရှိပြီးဖြစ်ပါသည်။
MDN
ဓာတ်ပုံ - Myanmar Fire Service


