ရန်ကုန် ၂၈ ဧပြီ
ရွှေပြည်သာမြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံသို့ Save the Children အဖွဲ့မှ Covid-19 ရောဂါ ကာကွယ်၊ ကုသရေးအတွက် လိုအပ်သည့်ပစ္စည်းများကို ဧပြီ ၂၇ ရက် နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။
Save the Children အဖွဲ့မှ လှူဒါန်းလာသည့်ပစ္စည်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ TMO, ဒေါက်တာမြတ်မြတ်နှင်းနှင့် ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းတို့က လက်ခံရယူခဲ့ကြသည်။
လှူဒါန်းခဲ့သည့် ပစ္စည်းများမှာ Mask ၁၄၆ ဘူး၊ ခေါင်းစွတ် ၂၀၀ ဘူး၊ မျက်နှာကာ ၂၀၀ ဘူး၊ မျက်မှန် ၂၀၀ ခု၊ PPE ဝတ်စုံ ၂၀၀၊ ခြေစွတ် ၂၀၀၊ အင်္ကျီအဖုံးအကာ ၂၀၀၊ လက်အိတ် ၂၀၀ စုံ၊ အပူချိန်တိုင်းကိရိယာ ၂၀ ခု၊ ရေဘေစင် ၃ ခု၊ Degetal Tharmometer to GAD ၂၈ ခုတို့ဖြစ်ဖြစ်ကြောင်း သိရသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-ရွှေမြင့်ဦး