ကွန်ဟိန်း   ၉  ဒီဇင်ဘာ

 

သဘာဝဘေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ ပြလုပ်ခဲ့သည်။

 

ဟောပြောပွဲတွင် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးတင်ထွန်းအောင်က လျှပ်စစ်အန္တရာယ် အကြောင်း အရာများ၊ လျှပ်စစ်အန္တရာယ် မဖြစ်ပွားစေရန် သတိထားသင့်သည့် အကြောင်းအရာများကို ဟောပြော ခဲ့ပြီး မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးသန့်က မီးဘေးအန္တရာယ် အကြောင်းအရာများ၊ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး ဆောင်ရန်/ရှောင်ရန် အချက်များ၊ ငလျင်ဘေးအန္တရာယ်အကြောင်း သိကောင်းစရာများကို ဟောပြောခဲ့သည်။

 

ဟောပြောပွဲသို့ သင်တန်းသူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ သဘာဝဘေးအန္တရာယ် အကြောင်းအရာများကို ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ပြည့်စန္ဒီမြင့်(ပြန်/ဆက်)