ကန်ကြီးထောင့် ၂ ဒီဇင်ဘာ
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဧရာဝတီတိုင်း ဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ညောင်ချောင်း(စံပြ)ကျေးရွာ အခြေခံပညာ မူလတန်း ကျောင်းတွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သဘာဝဘေး အန္တရာယ်ဆိုင်ရာ သိကောင်းစရာများ၊ ဆောင်ရန် ရှောင်ရန် အချက်များနှင့် ကြိုတင်ကာကွယ်ခြင်း နည်းလမ်းများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး ပညာပေး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများကို ဖြန့်ဝေခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
နန်းထိုက် (KGD)