ချောင်းဦး ၃  အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တရားရုံးမှ ယမန်နေ့ညနေ နာရီခွဲအချိန်က အသွားအလာ ကန့်သတ်ထားစဉ် စည်းကမ်းမလိုက်နာသူတစ်ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ(၃၀)က အရ ထောင်ဒဏ်() အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ လွန်ခဲ့သောလက မြင်းမူမြို့ပိုးတွေ့လူနာနှင့် ကားအတူစီးလာသူ ချောင်းဦးမြို့နယ် တမာမြိုင်ရပ်ကွက် ရပ်သာရပ်နေ အသက်(၄၈)နှစ်အရွယ် အမျိုးသားအား Community Based Facility Quarantine စင်တာတွင် ထားရှိစောင့်ကြည့်နေစဉ် မိမိနေအိမ်သို့ ပြန်အိပ်နေကြောင်း တွေ့ရှိခဲ့ရသဖြင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ခရိုင်သို့တင်ပြခဲ့ရာ အသွားအလာကန့်သတ် စောင့်ကြည့်သည့် ရက်ပြည့်ပြီး နောက်ပိုင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူသွားရန် ညွှန်ကြားခံခဲ့ရခြင်းဖြစ်သည်။

 

ဥပဒေအကြံပြုချက်၊ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ တရားစွဲဆို ခွင့်ပြုချက်အရ ချောင်းဦးမြို့မ ရဲစခန်း မှ လက်ခံစစ်ဆေးခဲ့ပြီး ယမန်နေ့ညနေပိုင်းက ဝဏ္ဏကျော်အား ထောင်ဒဏ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 

ယခုအခါ ချောင်းဦးမြို့နယ်တွင် ရန်ကုန်ပြန် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူများထဲမှ အတည်ပြုပိုးတွေ့လူနာ ဦးရှိနေပြီး ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ကုသပေးလျက်ရှိကြောင်း သိရသည်။

 

ဝဏ္ဏကျော် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် ယူ၍စစ်ဆေးခဲ့ရာ ပိုးမတွေ့ရှိကြောင်း သိရှိရသည်။

ဝင်းမြင့်အောင်