မအူပင် မေ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီး ဆုံးရှုံးခဲ့သည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ညနေပိုင်းက အမှတ် (၆) ရပ်ကွက်၊ အထက (၁) ကျောင်း မြတ်ပညာခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဌ ဦးညီညီထွေးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ခရိုင်ဘေးစီမံဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နော်ရူဘီစိုးမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်သည့် အကြောင်းအရာများ ရှင်းလင်းပြောကြားပြီး လေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဌ ဦးညီညီထွေး၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးနိုင်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဌ ဦးတိုးတိုးဝင်း၊ ခရိုင်ဘေး စီမံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်ရူဘီစိုး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လေဘေးသင့် ပြည်သူများ စုစုပေါင်း (၇၀) ခန့် တက်ရောက်ခဲ့ကြသည်။
အောင်ခိုင်၊အောင်မြင့်မြတ်(မအူပင်)
