ပုသိမ်ကြီး ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး ပုသိမ် ကြီးမြို့နယ်၌ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်နိုင်ရန် ဇွန် ၂၇ ရက်က မြို့နယ်မီးသတ်ဦးစီးဌာန၌ လူအင်အား၊ စက်ပစ္စည်းများဖြင့် အသင့်ပြင်ဆင် စုဖွဲ့ထားလျက်ရှိသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေလင်းထွန်းက အမှာစကား ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းသန့်က သန္ဓေတပ်ဖွဲ့ ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မော်တော်ယာဉ်များ၊ Hydra-ulic Rescue Tools အခြားစက် ပစ္စည်းကိရိယာများဖြင့် အသင့်ပြင်ဆင်စုဖွဲ့ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ရွှေရန်ကင်း


