ညောင်ဦး  ၇   ဩဂုတ်

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက် လာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှုမရှိစေရေး အချိန်နှင့်တစ်ပြေးညီ တုံ့ပြန် ဖြေရှင်း ကူညီဆောင်ရွက်နိုင်ရေးအတွက် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနရှိ ရှာဖွေကူညီကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက သဘာဝဘေးကူညီကယ်ဆယ်ရေးလုပ်ငန်း ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိရာ တပ်ဖွဲ့ဝင်များကိုလည်း အသင်စုဖွဲ့ထားရှိပြီး သဘာဝဘေးအန္တရာယ် ကျရောက်ပါက ချက်ခြင်းတုံ့ပြန်ကူညီ ကယ်ဆယ်နိုင်ရန် အသင့်အနေအထားရှိနေကြောင်း ညောင်ဦးခရိုင် ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်က ပြောသည်။

 

ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှုများမဖြစ်စေရန် အချိန်နှင့်တပြေးညီ တုံ့ပြန်ကူညီ ရှာဖွေ ကယ်ဆယ်နိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များကို အသင့်စုဖွဲ့ထားရှိပြီး သဘာဝဘေး ကူညီရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်တင် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများ လုပ်ဆောင်နေ ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လေ့ကျင့်ရာတွင် တပ်ဖွဲ့တစ်ဦးချင်းစီကနေ ကျွမ်းကျင်မှုရှိပြီး တပ်ဖွဲ့လိုက်ကျွမ်းကျင်မှုရှိစေရန် အနီးကပ်ကြီးကြပ်ပြီး လေ့ကျင့်သားပြည့်ဝအောင် ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့နယ်မြေတွင် သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက ညောင်ဦးခရိုင် မြို့နယ်မီးသတ်ဦးစီးဌာနကို အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ အကူအညီတောင်းခံနိုင်ပြီး အကြောင်းကြားလာ ကူညီတောင်းခံမှုများအား ချက်ခြင်းသွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက ပြောသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)