၁၄ သြဂုတ်

ယခုရက်ပိုင်းအတွင်း      မြန်မာနိုင်ငံအောက်ပိုင်းဒေသများဖြစ်သည့်      တနင်္သာရီတိုင်းဒေသကြီး၊      ကရင်ပြည်နယ်၊        မွန်ပြည်နယ်များတွင်      တောင်ပြိုကျခြင်း၊ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။

 

2

 

သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက သက်စွန့်ကြိုးပမ်းရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို နေ့ညမပြတ် ဆောင်ရွက်လျက်ရှိကြသည်။

 

11

 

မြန်မာနိုင်ငံ  မီးသတ်တပ်ဖွဲ့၊  ရန်ကုန်တိုင်းဒေသကြီး  မီးသတ်ဦးစီးဌာန  ရှာဖွေကယ်ဆယ်ရေးအထူးတပ်ဖွဲ့မှ  တပ်ခွဲတစ်ခွဲကလည်း  တိုင်းဒေသကြီး၊  ပြည်နယ်တို့မှ မီးသတ်ညီနောင်တပ်ဖွဲ့ဝင်များကို အကူအညီပေးရန် အဆင်သင့်ရှိနေပြီ ဖြစ်သည်။

“ပွဲမဝင်ခင်အပြင်မှာ ကျင်းပ” ဆိုသကဲ့သို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်မဆိုင်း  လက်တွေ့ကျကျ  ပိုမိုလျင်မြန်စွာ  ဆောင်ရွက်နိုင်ရန်အတွက် ဩဂုတ် ၁၀ ရက် နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီအထိ သုဝဏ္ဏဘောလုံးကွင်း အထူးတန်း ရှေ့တွင် သရုပ်ပြလေ့ကျင့်နေမှုကို မြင်တွေ့လာခဲ့ရသည်။

ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက “နှစ်စဉ် လိုဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်ဆိုတာကတော့ ဘယ်အချိန်၊ ဘယ်နာရီမှာ ဖြစ်ပေါ်လာမယ်လို့ ကြိုတင်မှန်းဆမရနိုင်ဘူး။ အကယ်၍ ဖြစ်လာခဲ့ရင်  ကျွန်တော်တို့ဘက်က  ကြိုတင်ပြင်ဆင်ထားရှိနိုင်စေရေးအတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လေ့ကျင့်မှုတွေ ပြည့်ဝမှုရှိနေစေရေး အတွက်ပါ။ ဖြစ်လာရင်လည်း ဆုံးရှုံးမှုတွေ နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ပေးဖို့ပါ” ဟု ပြောသည်။

“မြေပြင်  ရေပြင်နဲ့  အဓိကလက်ရှိအချိန်မှာ  ကျွန်တော်တို့ကို    ခြိမ်းခြောက်နေ တာကတော့ ငလျင်ပါ။ ဘယ်အချိန် ဘယ်နေရာက ဖြစ်ပေါ်လာမယ်ဆိုတာ ကြိုတင်တွက်ဆလို့မရနိုင်ပါဘူး။  ငလျင်လှုပ်သွားရင်  ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ  အနည်းဆုံး ဖြစ်အောင်  ဆောင်ရွက်နိုင်ဖို့  ကြိုတင်သရုပ်ပြလေ့ကျင့်နေတာပါ။  ငလျင်လှုပ်ပြီးရင် ဖြစ်လာတတ်တဲ့  နောက်ဆက်တွဲ  ဆိုးကျိုးတွေက  ဆူနာမီလည်း  ဖြစ်တတ်ပါတယ်။ မီးလောင်မှုလည်း  ဖြစ်တတ်ပါတယ်။  ဒီဟာတွေသာဖြစ်လာရင်  ဘယ်လိုအမြန်ဆုံး ဆောင်ရွက်မလဲ ဆိုတာပါ။ ဒီမှာလေ့ကျင့်နေတဲ့ တပ်ဖွဲ့ဝင်တွေ ကိုယ်စီကိုယ်စီ တာဝန် အသီးသီးခွဲဝေပေးတာနဲ့ ယူတတ် လုပ်ကိုင်တတ်ကြစေဖို့ အရည်အသွေးတွေ မြှင့်တင် ပေးနေတာပါ။”

သွားရောက်အကူအညီပေးဖို့ အသင့်ရှိနေ

လက်ရှိ  အချို့သော  တိုင်းဒေသကြီး၊  ပြည်နယ်အချို့တွင် ဖြစ်ပွားနေသော  ရေဘေးအ္တရာယ်နှင့်    ပတ်သက်၍      “အခုဆိုရင်  မွန်၊  ကရင်ပြည်နယ်၊  တနင်္သာရီတိုင်းဒေသကြီးတွေမှာ တောင်ပြိုမှု၊ ရေကြီးမှုတွေဖြစ်နေတာကို တွေ့မြင်နေရပါတယ်။ ကျွန်တော်တို့  ရန်ကုန်တိုင်းဒေသကြီး  မီးသတ်တပ်ဖွဲ့အနေနဲ့ကလည်း လိုအပ်ရင်သွားရောက်အကူအညီပေးဖို့ အသင့်ရှိနေပါတယ်။ ကျွန်တော်တို့ဆီက လူကြီးတွေလည်း ဖြစ်တဲ့ဒေသတွေဆီ ရောက်နေကြပါပြီ။ လိုအပ်လို့ခေါ်လိုက်တာနဲ့ ချက်ချင်းသွားကြမှာပါ။ အားလုံးက အသင့်အနေအထားပါ။ ရန်ကုန်တိုင်းဒေသကြီးမှာ  ရှာဖွေကယ်ဆယ်ရေးအထူးတပ်ဖွဲ့ဝင်အင်အား  ၁၁၆  ဦးနဲ့ အုပ်ချုပ်သူ  ၁၀  ဦးက  ၂၄  နာရီအချိန်ပြည့်  စောင့်ဆိုင်းနေကြပါတယ်”  ဟု ရှင်းပြသည်။

မွန်ပြည်နယ်သို့ စတင်ထွက်ခွာ

နံနက်ကပင် လေ့ကျင့်ပြင်ဆင်မှုများဖြင့် ရှိနေသော ရန်ကုန်တိုင်းဒေသကြီးမှ ရှာဖွေကယ်ဆယ်ရေးအထူးတပ်ဖွဲ့ဝင်များမှာ ယင်းည ၁၀ နာရီက မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ လက်ထောက် òန်ကြားရေးမှူး ဦးသက်ထွေးအောင် ဦးဆောင်၍ ရန်ကုန်မြို့မှ မွန်ပြည်နယ်သို့ စတင်ထွက်ခွာသွားကြပြီဖြစ်သည်။

မွန်ပြည်နယ် ပေါင်မြို့နယ်သို့    ဩဂုတ် ၁၁ ရက်   နံနက်  ၄  နာရီခန့်တွင်      ရောက်ရှိပြီး      ခေတ်မီရှာဖွေကယ်ဆယ်ရေး ကိရိယာများဖြင့် စတင်လှုပ်ရှား ရှာဖွေနေကြပြီဖြစ်သည်။

ထို့အပြင် နောက်ကူညီမှုတစ်ခုအဖြစ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ    ရေပြင်သက်ကယ်ဘုတ်      ငါးစင်းဖြင့်လည်း ဩဂုတ် ၁၁ ရက်က ရန်ကုန်မှ  စတင်ထွက်ခွာသွား ကြပြီကိုလည်း သိရသည်။

အထူးတပ်ဖွဲ့က အဆင်သင့်ရှိနေ

သုဝဏ္ဏကွင်းအတွင်း သရုပ်ပြလေ့ကျင့်မှုများကို ဦးဆောင်ဆောင်ရွက်ပေးနေသည့်  အနောက်ပိုင်းခရိုင်  မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဝင်းက    “ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့အနေနဲ့က မိမိတိုင်းဒေသကြီး  သဘာဝဘေးအ္တရာယ်ဖြစ်လာရင်    အချိန်နဲ့တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို      ကြိုးပမ်းလုပ်ဆောင်ဖို့ အပြင် အခုလိုတိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ ဖြစ်ပေါ်လာခဲ့ရင်လည်း သွားရောက်အကူအညီပေးဖို့အတွက် ဒီအထူးတပ်ဖွဲ့က အဆင်သင့်ရှိနေပါတယ်။  လိုအပ်လို့ခေါ်လိုက်တာနဲ့    သွားကြ မှာပါ” ဟု အပြန်လမ်း၌ ပြောကြားခဲ့သည်။

အင်အားတစ်ရပ်အဖြစ်ရှိနေ

သို့အတွက်        ရန်ကုန်တိုင်းဒေသကြီး      မီးသတ်တပ်ဖွဲ့ရှိ  အထူးတပ်ဖွဲ့မှာ မိမိတိုင်းဒေသကြီးအတွက်သာမက အခြားသော တိုင်းဒေသကြီးနှင့်            ပြည်နယ်များအတွက်ပါ      အင်အား  တစ်ရပ်အဖြစ်ရှိနေပါကြောင်း    ဂုဏ်ပြုဖော်ပြရေးသားလိုက်ပါသည်။

သျှင်ဝင်းသျှင်