နေပြည်တော် ၂ ဇန်နဝါရီ
မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့သော ဒေသများရှိ ပြည်သူများ၏ ပြန်လည်ထူထောင်ရေးအတွက်လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများ လှူဒါန်းလျက်ရှိသည်။
ထို့သို့ လှူဒါန်းလျက်ရှိရာတွင် ပြည်ပရောက်မြန်မာများဖြစ်သည့် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှ National Humanitarian Fundraising For Myanmar အဖွဲ့က လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၃၁၂၃၁ ဒေါ်လာ၊ ဆော်ဒီအာရေဗျနိုင်ငံရှိ စေတနာရှင်မိသားစုများက လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၄၇၇၅ ဒေါ်လာနှင့် အမေရိကန်ပြည်ထောင်စု တောင်ပိုင်းကယ်လီဖိုးနီးယားပြည်နယ်ရှိ မြန်မာစေတနာရှင်များက လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၃၅၀ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၆၃၅၆ ဒေါ်လာ တို့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
သတင်းစဉ်