​နေပြည်တော် ​အောက်တိုဘာ ၁၉

 

မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားရာတွင် ရှာ​ဖွေကယ်ဆယ်​ရေး လုပ်ငန်းများကို စွမ်း​ဆောင်ရည်မြင့်မားစွာ ​ဆောင်ရွက်နိုင်​ရေးနှင့် ရှာ​ဖွေကယ်ဆယ်​ရေး နည်းစနစ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ စနစ်တကျ လုပ်​ဆောင်နိုင်​ရေး ရည်ရွယ်၍ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်  မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း က သဘာဝဘေး  အန္တရာယ်များ ကြုံတွေ့လာရပါက ထိခိုက်ဆုံးရှုံးမှုများကို လျော့ချနိုင်ရေးအတွက် အဓိကလိုအပ်သည့် ရှာဖွေ ကယ်ဆယ်ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်များကို မြှင့်တင်ဆောင်ရွက်ရန် အထူးအရေး ကြီး​ကြောင်း၊ ထို့ကြောင့် သင်တန်းတက်​ရောက်သူများအ​နေဖြင့် ဘေးအန္တရာယ် ဆိုင်ရာ  ကြိုတင်ကာကွယ်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ လုပ်ငန်း များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးပြီး အများပြည်သူအကျိုးအတွက် ကြိုးစားထမ်းဆောင် သွားကြစေလိုကြောင်း ​ပြောကြားသည်။ 

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် သင်တန်းတက်ရောက်သူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ခင်းကျင်းပြသထားသည့် ရှာ​ဖွေကယ်ဆယ်​ရေးပစ္စည်းများကို လှည့်လည်ကြည့်ရှုကြသည်။

 

အဆိုပါသင်တန်းကို ​အောက်တိုဘာ (၁၇) ရက်​မှ (၂၈) ရက်​အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် မီးသတ်တပ်ဖွဲ့၏ အခန်းကဏ္ဍနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်များ၊ အခြေခံ ကြိုးချည်နည်းစနစ်များ၊ ကြိုးအသုံးပြု၍ ကယ်ဆယ်ခြင်း နည်းစနစ်များ၊ ခေတ်မီ ရှာဖွေ ကယ်ဆယ်ရေးပစ္စည်းများနှင့် ကိုင်တွယ်ထိန်းသိမ်းအသုံးပြုခြင်းများ၊ အသက်ရှူကိရိယာအသုံးပြု ခြင်းနှင့် အမှောင်ထုအတွင်း လှုပ်ရှားသွားလာခြင်း၊ ရေတွင်း အသက်ကယ်ဆယ်ခြင်း၊ အဆောက်အဦပြိုကျမှု ရှာဖွေကယ်ဆယ်ခြင်း၊ ယာဉ်မတော်တဆမှုများနှင့် အခြေခံအသက်ကယ် နည်းစနစ်များနှင့် လူနာ သယ်ဆောင် ခြင်း နည်းလမ်းများကို စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်​ကြောင်း သိရှိရသည်။

(သတင်းစဉ်)