အင်္ဂပူ ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ယနေ့နံနက်ပိုင်းက ရေဘေးနှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက တုံ့ပြန်ရေးအတွက် စုဖွဲ့ထားရှိမှုနှင့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများ ခင်းကျင်းပြသမှု အခမ်းအနား ပြုလုပ်သည်။
ဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းသိန်းက ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများ ခင်းကျင်းပြသထားရှိ မှုနှင့် အစုဖွဲ့များ စုဖွဲ့ထားရှိမှုကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ဇော်မင်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)


