ကျောက်ဆည်၊ စက်တင်ဘာ ၃၀

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သဘာဝဘေးကြောင့် ပျက်စီးသွားသည့် ကျောက်ဆည် - တံစိုး - မင်းစု - မြစ်သားလမ်းမှ ၆/၈ တံတားအား ဆောက်လုပ်ရေးဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လမ်းဦးစီးဌာနမှအဖွဲ့ ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများပြီးစီပြီဖြစ်၍ ပြည်သူများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

ကျောက်ဆည် - တံစိုး - မင်းစု - မြစ်သားလမ်းသည် ကျောက်ဆည်မြို့နှင့် မြစ်သားမြို့တို့အား ဆက်သွယ်ထားသော အတိုဆုံးလမ်းဖြစ်ပြီး ပျက်စီးသွားသည့် ၆/၈ တံတားအား ကုန်စည်စီးဆင်းမှု မြန်ဆန်လွယ်ကူစေရန်နှင့် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများ အမြန်ဆောင်ရွက်နိုင်ရေး ကျောက်ဆည်ခရိုင် လမ်းဦးစီးဌာနအဖွဲ့မှ အရှည်ပေ(၆၀) ဘေလီတံတား Double Single တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများ ပြီးစီးပြီဖြစ်သောကြောင့် မင်းစု၊ လေးဆယ်ကုန်း၊ ကသဲကုန်း၊ အင်ယောင်းကျေးရွာအုပ်စု ကျေးရွာများ၏ ပြည်သူများအပြင် မင်းစု - ရွာမုန်း - ဒါးရဲကောင်းလမ်းနှင့် ဆက်သွယ်ထားသည့် လမ်းဖြစ်သည့်အတွက် အခြားဒေသပြည်သူများအတွက် များစွာအကျိုးရှိကြောင်း သိရသည်။

 

သက်မောင်(ကျောက်ဆည်)