တိုကျို မေ ၁၅

သဘာဝဘေးကျရောက်မှုအပြီး သဘာဝဘေးခံစားခဲ့ရသူများကို စိတ်ကျန်းမာရေးမြှင့် တင်စောင့်ရှောက်ခြင်း၏ အရေးပါပုံကို ထိုင်းနှင့် ဂျပန်နိုင်ငံတို့မှ တာဝန်ရှိသူများအကြား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း ယနေ့အင်န် အိတ်ချ်‌ကေ သတင်းအရ သိရသည်။ ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်လအတွင်းက မြေငလျင်လှုပ်ခတ်မှုကြောင့် ဆောက်လုပ်စ အထပ်မြင့် အဆောက်အအုံ ပြိုကျရာတွင် ၈၉ ဦး သေဆုံးပြီး ကိုးဦး ထိခိုက်ဒဏ်ရာရရှိကာ ခုနစ်ဦး ပျောက်ဆုံးခဲ့သည်။ 

၎င်းဆွေးနွေးပွဲအတွင်း သဘာဝဘေးထိခိုက်ခံစားခဲ့ရပြီး အသက်ရှင်ကျန်ရစ်သူများနှင့် သေဆုံးသူ များ၏ မိသားစုများကို စိတ်ကျန်းမာရေး ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခဲ့ရသူ ကျွမ်းကျင်ဝန်ထမ်းများအကြား အတွေ့အကြုံဖလှယ်ခဲ့ကြသည်။ 

သဘာဝဘေးကြုံတွေ့ခဲ့ရသူ အသက်ရှင် ကျန်ရစ်သူများအနေဖြင့် ဖြစ်စဉ်အတွင်း သေဆုံးခဲ့သူ များကြောင့် စိတ်တွင်ထိခိုက်ခံစားရပြီး ဖြစ်စဉ်ကို ပြန်လည်ပြောပြရန် တွန့်ဆုတ်နေကြကြောင်း ဂျပန်နိုင်ငံ ဟိုင်ဂျိုစိတ်ကျန်းမာရေး အင်စတီကျုမှ ညွှန်ကြားရေးမှူး ကာတိုဟီရိုရှီက ပြောကြားသည်။ 

၎င်းသည် ၁၉၉၅ ခုနှစ်တွင် ဂျပန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဟန်ရှင်-အဝါဂျီ ငလျင်ခံစား ခဲ့ရသူများအား စိတ်ကျန်းမာရေး စောင့်ရှောက်ပေးခဲ့ရသည့် ကျွမ်းကျင်သူဖြစ်သည်။
 
ထို့ပြင် ၎င်းကဲ့သို့ သဘာဝဘေး ဖြစ်စဉ်များအတွင်း တာဝန်ထမ်းဆောင်ရသည့် မီးသတ်တပ်ဖွဲ့ဝင် နှင့် ရဲတပ်ဖွဲ့ဝင်များကို စိတ်ဓာတ် ခိုင်မာစေရေးအတွက် စိတ်ကျန်းမာရေးဆိုင်ရာ ပြင်ဆင်ကုသမှု ဦးစွာခံယူစေသင့်သည်ဟု ၎င်းက ပြောကြားသည်။
 
ယခုကဲ့သို့ ကယ်ဆယ်ရေးလုပ်သားများကို ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်းသည် ကယ်ဆယ် ရေးလုပ်ငန်း အောင်မြင်စေရေးအတွက် အရေးကြီးကြောင်း ထိုင်းကျန်းမာရေးတာဝန်ရှိသူ ပုံဆာ ကွန်လန်ဒီက ပြောကြားသည်။ 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-စိုးသူရ