ရပ်စောက် ၁၉ အောက်တိုဘာ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူစံပြကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နံနက်က သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် အစေ့ထုတ်ပြောင်းသီးနှံစိုက်ခင်း များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်းက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်ဦးက ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းသည်။
ထို့နောက် ရပ်စောက်မြို့နယ်အတွင်း ၂ဝ၁၈-၂ဝ၁၉ခုနှစ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်မှုဖြင့် ပျက်စီးခဲ့ရသည့် ပြောင်းသီးနှံစိုက်ခင်း ၁၂၁ ဧက အတွက် တစ်ဧကလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ငွေကျပ် (၁၂,၁ဝဝဝဝိ)အား ပြောင်းစိုက်တောင်သူ ၄၅ ဦးထံသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့ကပေးအပ်ခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


