ဖလမ်း ၁၆ သြဂုတ်
သဘာဝဘေးအန္တရာယ်အမျိုးမျိုးမှ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိနိုင်ရေးအတွက် သဘာဝဘေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို သြဂုတ် ၁၆ ရက် နံနက် ၁၀ နာရီက ဖလမ်းမြို့၊ အမှတ်(၃)အခြေခံပညာအထက် တန်းကျောင်း၊ ဦးဗန်ကြီးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ဖလမ်းခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလာလ်မွာန်ပွီးနှင့် အငယ်တန်းစာရေး ဦးဘီးကျုံးထန်တို့က ငလျင်ဘေးနှင့် အခြားဘေးများဆိုင်ရာ အသိပညာပေးခြင်းများကို Power Point ဖြင့် ရှင်းလင်းဟောပြောဆွေးနွေးကြသည်။
ထို့နောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထုတ်ဝေသော မိုးခေါင်ရေးရှားဘေးပညာပေး စာစောင်၊ မီးဘေးပညာပေးစာစောင်၊ မိုးကြိုးဘေးပညာပေးစာစောင်၊ ငလျင်ဘေးပညာပေးစာစောင်၊ ရေဘေးပညာပေး စာစောင်၊ မုန်တိုင်းဘေးပညာပေးစာစောင်နှင့် မြေပြိုဘေးပညာပေးစာစောင်များကို တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်


