သတင်းဆောင်းပါး - ခင်မောင်ဝင်း (စိုက်ပျိုးရေး၊ မကွေး)
လူသားများ ကျန်းမာစွာ အသက်ရှင်ရပ်တည်နိုင်ရန် အစားအစာအာဟာရသည် အရေးကြီးသောလိုအပ်ချက် တစ်ရပ်ဖြစ်သည်။ ထို့အတူသီးနှံပင်များ ကြီးထွားဖွံ့ဖြိုးမှု အတွက်လည်း အစာအာဟာရနှင့် ရေကို လိုအပ်ပေ သည်။ လူသားများအတွက် အစာအာဟာရအပေါ် မှီခိုရသကဲ့သို့ သီးနှံပင်များအတွက်လည်း အာဟာရဓာတ် စုံလင်စွာလိုအပ်ပါသည်။ အပင်များအတွက်လိုအပ်သော အာဟာရဓာတ်များမှာ အများလို အာဟာရဓာတ် (macronutrient) နှင့် အနည်းလို အာဟာရဓာတ် (micronutrient) ဟူ၍ ရှိပေသည်။ အများလိုအာဟာရ ဓာတ် ကိုးမျိုးအနက် ကာဗွန်(C)၊ အောက်ဆီဂျင်(O)။ ဟိုက်ဒရိုဂျင်(H) သည် လေထုထဲရှိ ကာဗွန်ဒိုင်အောက် ဆိုက်(CO)နှင့် ရေ (HO)တို့မှရရှိပြီ။ နိုက်ထရိုဂျင် (N)၊ ဖော့စဖရပ်(P) ပိုတက်စီယမ်(K)၊ ကယ်လ်စီယမ်(Ca)၊ မဂ္ဂနီစီယမ်(ME)၊ ဆာလ်ဖာ (S) တို့ကို မြေကြီးမှ ရရှိသည်။ အပင်များကြီးထွားရန် အနည်းလိုအာဟာရ ဓာတ် ရှစ်မျိုးမှာ သံဓာတ်(Fe)၊ မဂ္ဂနီးစ်(Mn)၊ ကော့ပါ။ (Cu)၊ ဇင့်(Zn)၊ မိုလမ်ဘဒီနန်(Mo)၊ ဘိုရန်(လက်ချာ။) (Bo)၊ ကလိုရင်း (CI) နီကယ်(Ni) တို့ဖြစ်ကြသည်။ ဆီလီကာ(Si)နှင့် ဆီလီနီယမ်(se) နှစ်မျိုးတို့လည်း အနည်းလို အာဟာရဓာတ်များတွင် ပါဝင်လာပေသည်။
များစွာထောက်ကူ
နိုက်ထရိုဂျင် (N)(အပင်၊ အရွက်၊ အခက်၊ အလက် ပင်စည်ပိုင်းကြီးထွားမှုအတွက် အဓိက)၊ ဖော့စဖရပ်(P) (အမြစ်များရှင်သန်ကြီးထွား။ အသီးအနှံကြီးထွာ။ ပင်စည်သန်မာ၊ အသီးများရင့်မှည့်လွယ်အသီးအနှံ အာဟာရ ဓာတ် ပြည့်ဝ)၊ ပိုတက်စီယမ်(K) (အရွက်များ။အလုပ် လုပ်နိုင်စွမ်းကောင်း၊ အစာချက်မှုကောင်း၊ အာဟာရ ဓာတ် သယ်ပို့မှုမြန်ဆန်၊ N2 စားသုံးမှုအားပေ။ P2 O5 ) စားသုံးမှုတိုးပွား။ သီးနှံအရည်အသွေ။ အပွင့်၊ အသီ။ အရောင်အဆင်း၊ အနံ့အရသာကောင်။ ဆွတ်ခူးပြီ။ ရက်ကြာကြာထားနိုင်း ပိုးမွှားဒဏ်ပိုမိုခံနိုင်၊ အပင်ယိုင်လဲမှု နည်။ အရွက်လေပေါက်ရေပေါက်ဖွင့်ခြင်းပိတ်ခြင်းကောင်)၊ ကယ်လ်စီယမ်(Ca) (အမြစ်များဆဲလ်ပွားမှု ကောင်း၊ အသီးများတွင် အစေ့အဆန်အောင်မြင်ဖြစ်ထွန်းမှုကောင်း၊ မြေပဲတွင် အစေ့အဆန်ပိုမိုပြည့်)၊ မဂ္ဂနီစီယမ် (Mg) (အရွက်မျာ။အစိမ်းရင့်ရောင်ဖြစ်ရန်အားပေ။ ဖော့စဖရပ် စားသုံးမှုအားပေး၊ အခြားဒြပ်စင်များ စုပ်ယူရာတွင်ကူညီ၊ ကာဗွန်ဟိုက်ဒရိတ်ရွှေ့ပြောင်းရာတွင် ကူညီ၊ ဆာလ်ဖာ (အမြစ်ကြီးထွားမှု၊ မြစ်ဖုဖြစ်ပေါ်စေမှု၊ အစေ့ဖြစ်ပေါ် စေမှုတို့ကို လှုံ့ဆော်အားပေး၊ အရွက် အစိမ်းရင့်ရောင်ဖြစ်ရန်လည်းအားပေး)၊ သံဓာတ်(အရွက်များအတွင်း အောက်ဆီဂျင်နှင့် အီလက်ထရွန်များကို တစ်နေရာမှတစ်နေရာသို့ သယ်ပို့ရာ၌ ဓာတ်ကူအဖြစ် ဆောင်ရွက်သည်။ အော်ဂဲနစ်ဓာတ်ပေါင်းများဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်)၊ မဂ္ဂနီးစ်(အစိမ်းရောင်ခြယ်ဆဲလ်များ၊ ဖြစ်ပေါ်ရန် လိုအပ်သောဒြပ်စင်ဖြစ်၊ အပင်တွင်အော်ဂဲနစ် ဒြပ်ပေါင်းများဖြစ်ရန် ထိန်းကျောင်းပေး)၊ ကော့ပါး (အမြစ်များ။ ဇီဝဓာတ်ပြု တည်ဆောက်ခြင်းတွင် ကူညီ၊ အပင်အတွင်း ဓာတ်တိုးဓာတ်နှင့် အင်ဇိုင်းထုတ်လုပ်ခြင်းတွင် ပါဝင်ဆောင်ရွက်)၊ ဇင့် (အပင်အင်ဇိုင်းများတွင် မရှိမဖြစ် လိုအပ်၊ အော်ဂဲနစ်ဒြပ်ပေါင်းဖြစ်ရန် အဓိကတာဝန်ယူ၊ ပရိုတင်းဒြပ်ပေါင်းနှင့် အမီနိုအက်စစ်များဖြစ်ရန်ဆောင်ရွက်၊ ပြောင်းဖူး။ စပါးစသည့် သီးနှံများ၌ အဓိကဒြပ်စင် အဖြစ် ပါဝင်)၊ မိုလမ်ဘဒီနန်(အင်ဇိုင်းများ ဓာတ်ပြုခြင်းတွင် ပါဝင်လေထဲမှ N2 ဖမ်းယူသော ပဲမြစ်ဖု၊ ဇီဝဗက်တီးရီးယားများအတွက် လိုအပ်)၊ ဘိုရန်(လက်ချား) (အပင်များ Ca,N2 P2 O5 ဓာတ်များ အသုံးပြုရာ၌ကူညီ၊ အသီးအဆစ်များ ဖြစ်ပေါ်ကြီးထွားရန် မရှိမဖြစ်လိုအပ်)၊ ကလိုရင်း (ရေငွေ့ လျားခြင်းနှင့် ရေကိုအကျိုးရှိစွာ အသုံးချရေးတွင် ပါဝင် ဆောင်ရွက်၊ အပင်တိုးတက်ကြီးထွားခြင်း၊ အပွင့်ဖြစ်ပေါ် ခြင်းတို့တွင် ပါဝင်ဆောင်ရွက်)၊ ကာဗွန်နှင့် အောက်ဆီဂျင် (လေထုမှ CO2 နှင့် မော်လီကျူးအဖြစ် ရယူပြီး အော်ဂဲနစ် ဒြပ်ပေါင်းများပြုလုပ်)၊ ဟိုက်ဒရိုဂျင် (အလင်းဓာတ် ပြုပြင်ခြင်းဖြင့် အော်ဂဲနစ်ဒြပ်ပေါင်းများ ပြုလုပ်ရာတွင် အဓိက ပါဝင်၊ ၎င်းကို အမြစ်မှပို့သောရေမှရရှိ) စသည့် အာဟာရ ဓာတ်တစ်ခုချင်းစီ၏ စွမ်းဆောင်မှုတိုင်းသည် သစ်တောသစ်ပင်စိုက်ပျိုးသီးနှံပင်အားလုံးအတွက် ကြီးထွားသန်စွမ်းမှုကို များစွာ အထောက်အကူ ဖြစ်စေပါသည်။
တွင်ကျယ်စွာ အသုံးပြုလာ
ယနေ့ခေတ် လယ်ယာကဏ္ဍသီးနှံစိုက်ပျိုးထုတ်လုပ် ရာတွင် တစ်သီးစားသာမက သီးထပ်သီးညှပ်၊ နှစ်သီးစာ။ သုံး သီးစား စိုက်နည်းစနစ်များဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နေကြပြီဖြစ်သည်။ သီးနှံတစ်ဧကအထွက်တိုး စေရန်အတွက် ဓာတုဓာတ်မြေသြဇာများကို တွင်ကျယ်စွာ အသုံးပြုလာနေကြသည်။ တစ်နှစ်ပတ်လုံး သီးနှံစိုက်ပျိုးမှု၊ ဓာတ်မြေသြဇာများအပေါ် မှီခိုအားကိုးမှုများကြောင့် သီးနှံစိုက်ခင်းမြေများမှာ မြေဆီလွှာ အာဟာရဓာတ် လျော့နည်းလာခြင်း၊ ရေရှည်မြေဆီဩဇာထက်သန်မှု လျော့နည်းလာခြင်း၊ မြေဆီလွှာ တိုက်စားပြုန်းတီးခြင်း စသည့် ဆိုးကျိုးများလည်။ တစ်နှစ်ထက်တစ်နှစ် ခံစားလာကြရသည်။ ဓာတုဓာတ်မြေဩဇာသုံးစွဲရာတွင် အချိန်ကာလ၊ သုံးစွဲသည့်ပမာဏ မျှမျှတတ စနစ်တကျချိန်ဆ အသုံးပြုမှသာ မြေဆီလွှာ ရေရှည်တည်တံ့ပြီး ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှု နည်းပါးစေမည်ဖြစ်သည်။ ဓာတုဓာတ် မြေဩဇာကို အလွန်အကျွံသုံးစွဲခြင်းကြောင့် မြေကျွံခြင်း၊ ဒုံပေါက်ခြင်း၊ မြေဆီလွှာပျက်စီးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ ဓာတုဓာတ်ကြွင်း ကျန်ခြင်းနှင့် အခြားသောဘေးထွက် ဆိုးကျိုးများ ကိုလည်း နောက်ဆက်တွဲအနေဖြင့် တွေ့မြင်ခံစားလာရသည်။ ၎င်းပြဿနာများကို ကုစားဖြေရှင်းပေးနိုင်သည့် နည်းလမ်း ကောင်းတစ်ခုမှာ စိုက်ပျိုးရေးလုပ်ငန်းတွင် သဘာဝ မြေဆွေးနှင့် နွားချေးကို ပိုမိုဖြည့်တင်သုံးစွဲပေးရန် ဖြစ်ပါ သည်။ သို့သော်လည်း တောင်သူအများစုသည် သဘာဝ မြေဆွေးများပြုလုပ်သုံးစွဲရာတွင် ကရိကထများခြင်း။ အချိန်ယူရခြင်း တုံ့ပြန်မှုနှေးခြင်းကြောင့် အစွမ်းသတ္တိ လျင်မြန်စွာပြသနိုင်သော ဓာတုဓာတ်မြေသြဇာကိုသာ အလွယ်တကူ အသုံးပြုလိုကြပေသည်။ သို့ဖြစ်သောကြောင့် မြေဆီလွှာတည်ဆောက်မှု ရေရှည်ကောင်းမွန်စေ၍ သီးနှံအထွက်နှုန်းတည်ငြိမ်ကောင်းမွန်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် သဘာဝမြေဆွေးတိုးချဲ့ ပြုလုပ်သုံးစွဲကြရန် စိုက်ပျိုးရေးပညာပေးဝန်ထမ်းများက တောင်သူများအား စဉ်ဆက်မပြတ် နှိုးဆော်တိုက်တွန်း လျက်ရှိသည်။
ရွေးချယ်အသုံးပြုရန်လို
ယနေ့ခေတ်တွင် ဓာတုဓာတ်မြေဩဇာသုံးစွဲမည် ဆိုပါက မြေဆီလွှာကို ဓာတ်ခွဲစမ်းသပ်ပြီး လိုအပ်သည့် အာဟာရဓာတ်ကိုသာ ရွေးချယ်အသုံးပြုရန် လိုအပ်ပါသည်။ ဥပမာအားဖြင့် မကွေးမြို့ အတွင်း တောင်သူလယ်သမား တစ်ဦး၏ ယာမြေတွင် အာဟာရဓာတ်ပါဝင်မှုကို NGO အဖွဲ့ အစည်းတစ်ခုအကူအညီဖြင့် နယ်သာလန်နိုင်ငံ ဓာတ်ခွဲခန်း အထိ ဓာတ်ခွဲစမ်းသပ်ရာတွင် ရရှိသည့်အဖြေအရ ဖော့စဖရပ်(P2 O5)ချို့တဲ့သောကြောင့် P2 O5 သုံးစွဲရန် လိုအပ်ကြောင်း စမ်းသပ်ချက်ပြန်ကြားလွှာ ရရှိခဲ့ပါသည်။ ယခင်နှစ်များတွင် ၎င်းတောင်သူသည် ပုလဲ၊ Compound မြေဩဇာများကို ပုံမှန်သုံးသောပမာဏအတိုင်း ထည့်သွင်း အသုံးပြုခဲ့သည်။ စမ်းသပ်ချက်အဖြေရပြီ။နောက် လိုအပ်သော အာဟာရဓာတ် ဖော့စဖရပ် (P2 O5) ကြွယ်ဝသော ဓာတ်မြေဩဇာ ကီလို ၅၀ တစ်အိတ်အား ထည့်သွင်း အသုံးပြုခဲ့သည်။ (P2 O5) ထည့်သွင်းပြီ။ တစ်ပြိုင်နက် ပဲတီစိမ်း ငါးတင်၊ အထွက်ပိုမိုထွက်ရှိသော အကျိုးရလဒ်ကို ခံစားခဲ့ရပေသည်။ ထို့ကြောင့် တောင်သူများက စိုက်ပျိုးရေး ဦးစီးဌာနတွင် ဖွင့်လှစ်ပေးထားသော မြေဆီလွှာဓာတ်ခွဲ ခန်းသို့ မိမိတို့လယ်ယာ မြေမှ မြေနမူနာများကို ဓာတ်ခွဲ စမ်းသပ်အဖြေရယူပြီး လိုအပ်သည့်ပမာဏကိုသာ ထည့်သွင်း အသုံးပြုပါက ကုန်ကျစရိတ်သက်သာပြီ။ သီးနှံအထွက်နှုန်း တိုးတက်လာမည့်အပြင် မလိုလားအပ်သည့် မြေဆီလွှာ ပြဿနာများကို ကာကွယ်ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။
ထို့ကြောင့် နွားချေးဆွေး၊ သစ်ရွက်ဆွေး၊ သဘာဝမြေ ဆွေးမြေဩဇာတို့ကို ပြုလုပ်ပြီး တိုးချဲ့ သုံးစွဲကြရန် လိုအပ် ပါသည်။ နွားချေးထည့်သွင်းသုံးစွဲရာတွင် တောင်သူအများစု တွေ့ကြုံရသော အခက်အခဲတစ်ခုမှာ နွားသည် မြက်မျိုးရင်း ဝင်အပင်အများစုကိုစား၍ အစာချေဖျက်မှုမှာလည်း စားမြုံ့ပြန် အစာချေစနစ်ဖြစ်သောကြောင့် ပေါင်းမြက်မျိုးစေ့များ ပြန့်ပွားလွယ်ပါသည်။ ထို့ကြောင့် နွားချေ။ဇာထည့်သွင်း ခြင်းကြောင့် ပေါင်းများပိုမိုပေါက်ရောက်၍ ပေါင်းသတ်ဆေး သုံးစွဲလျှင်လည်း ပေါင်းသတ်ဆေးဆိုးကျိုးကြောင့် ဓာတု ဓာတ်ကြွင်းကျန်သည့် ဆိုးကျိုးများကို ခံစားရပါသည်။ ထို့ကြောင့် သီးနှံအကြွင်းအကျန်များ၊ နွားချေး၊ ဆွေးမြည့်လွယ်သော အမှိုက်များ၊ သစ်ရွက်ဆွေး၊ ကောက်ရိုး၊ နှမ်းရိုးများနှင့် သဘာဝမြေဆွေးပုံနှင့် သဘာဝမြေဆွေးကျင်းများ ပြုလုပ်ခြင်းသည် အထူးသင့်လျော်ပြီး အထက်ပါအခက်အခဲပြဿနာများအား ရင်ဆိုင်ဖြေရှင်းနိုင်ရုံသာမက သဘာဝမြေဆွေး ပြုလုပ်သုံးစွဲခြင်းကြောင့် မြေဆီလွှာအား ရေအစိုဓာတ်နှင့် မြေဩဇာ ပိုမိုကောင်းမွန်ခြင်း၊ ဓာတ်မြေဩဇာသုံးစွဲမှု ကုန်ကျစရိတ်လျော့နည်းစေရန် များစွာအထောက်အကူ ပြုပါသည်။ လယ်ယာစွန့်ပစ်အမှိုက်သီးနှံပင်အကြွင်း အကျန်များတွင်လည်း အမျိုးအစားအလိုက် အာဟာရ ဓာတ်များစွာ ပါဝင်ပါသည်။
လွယ်ကူစွာ ပြုလုပ်ဆောင်ရွက်နိုင်
စပါးခွံတွင်ပါဝင်သော အာဟာရဓာတ်များ၊ နိုက်ထရို ဂျင် (N-o.၄%)၊ ဖော့စဖရပ် (P-၁.၆%)၊ ပိုတက်စီယမ် (K-၁.၇%)၊ နှမ်းရိုးတွင်ပါဝင်သောအာဟာရဓာတ်များနိုက်ထရိုဂျင် (N-၁.၅%)၊ ဖော့စဖရပ် (P-ဝ.၂၄%)။ ပိုတက်စီယမ်(K-၂.၄%)၊ နွားချေးတွင်ပါဝင်သောအာဟာရ ဓာတ်များ၊ နိုက်ထရိုဂျင်(N-၁.၄%)၊ ဖော့စဖရပ် (P၂.၁%)၊ ပိုတက်စီယမ်(K-၁.၃ %)၊ ကောက်ရိုးတွင်ပါဝင် သော အာဟာရဓာတ်များမှာ ကာဗွန်ဟိုက်ဒရိတ် (Cellulose- ၃၁.၃၄%)၊ ဟယ်မီဆဲလူးလို့စ် (HemiCellulose - ၂၁.၂၉%)၊ ပြာဓာတ်(Arh- ၁၅.၁၉%)။ လစ်ကနင်ဓာတ်ပေါင်း(Lignin-၉-၁၁%) ပါဝင်ပါသည်။
အထက်ပါ လယ်ယာထွက်စွန့်ပစ်ပစ္စည်းများ။ သီးနှံ အကြွင်းအကျန်များနှင့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများကို အသုံးပြု၍ အဖိုးတန်သောမြေဆွေးကျင်နှင့် မြေဆွေးပုံ များကို လွယ်ကူစွာ ပြုလုပ်ဆောင်ရွက်နိုင်ပါသည်။
မြေဆွေးကျင်းပြုလုပ်နည်း
- မိုးရာသီတွင် ရေမဝပ်သောနေရာ၊နွေရာသီတွင် အရိပ်ရသော နေရာသစ်ပင်ကြီးအောက်တွင် ရွေးချယ်ပါ။
- အလျား ခြောက်ပေ၊ အနံ သုံးပေ၊ အနက်ခြောက်ပေကျင်း တူးပါ။
- ကျင်းထဲသို့ စွန့်ပစ်ပစ္စည်းနှင့် လယ်ယာထွက်ပစ္စည်းများကို တစ်ပေထု ဖြန့်ခင်းပါ။
- အီးအမ်ဖျော်ရည်ကို တစ်လွှာလျှင် သုံးဂါလန်နှုန်းဖြင့် အလွှာပေါ်တွင်ဖျန်းပါ။
- ၎င်းအပေါ်၌ တိရစ္ဆာန်ချေး ရှစ်ပြည်ခန့်ဖြူးပါ။(တတ်နိုင်ပါက ဖွဲနု နှစ်ပြည်ထပ်ဖြူးပါ။ မြေဆွေးများများရရန်နှင့် အစိုဓာတ်ထိန်းရန် မြေစေး/ဇုန်မြေ လေပြည်သာခန့်ထပ်ဖြူးနိုင်သည်။)
- အထက်ပါအလွှာအတိုင်း ခြောက်လွှာရသည်အထိ အလွှာလိုက်ကျင်းပြည့်သည်အထိ ပြုလုပ်ပါ။
- ဆွေးမြည့်လာသည်နှင့်အမျှ မျက်နှာပြင်နိမ့်ဆင်းသွားပါသည်။ နိမ့်သွားပါက ကျင်းပြည့်အောင်ပြန်ဖြည့်ပါ။
သုံးစွဲနည်း
- သီးနှံများစိုက်ချိန်တွင် ထုတ်ယူသုံးစွဲနိုင်ပါသည်။
- မိုးကျလျှင် ရေမဝပ်စေရန် အမိ။မိုးပေးပါ။ - တစ်ဧကလျှင် ကျင်းငါးကျင်၊ လိုပါသည်။
သဘာဝမြေဆွေးဖြင့် ထုတ်လုပ်သောသီးနှံများသည် အထွက်နှုန်းကောင်းခြင်း၊ အရည်အသွေးကောင်းခြင်း အရသာကောင်းခြင်းစသော အကျိုးကျေးဇူးများကြောင့် Organic နှင့် GAP(Good Agricultural Practice)နည်းကို များစွာအထောက်ကူပြုနိုင်ပါသည်။ စားသုံးသူများအတွက် အစားအစာဘေးကင်းလုံခြုံ စိတ်ချမှုအတွက်လည်း အထောက်အကူ ဖြစ်စေသည်။ သဘာဝမြေဆွေးကိုပြုလုပ်သုံးစွဲခြင်းဖြင့် သီးနှံအရည် အသွေးကောင်ရုံသာမက မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ခြင်း၊ မြေဆီမြေသြဇာထက်သန်ခြင်း၊ မြေအစိုဓာတ်ထိန်းသိမ်း ပေးခြင်း စသည့် အကျိုးရလဒ်များ ရရှိနိုင်ပါသည်။ ထို့ကြောင့် သီးနှံပင်စိုက်ပျိုးထုတ်လုပ်ရာတွင် သဘာဝမြေဆွေး သည်ပစ်ပယ်မထားသင့်သော မြေဩဇာဖြစ်ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးမှုပြုကြသူတိုင်း သဘာဝမြေဆွေးကို မဖြစ်မနေပြုလုပ်တိုးတက်သုံးစွဲကြရန် အထူးလိုအပ်ပါသည်။ သဘာဝမြေဆွေးပုံ၊ မြေဆွေး ကျင်းများ ပြုလုပ်သုံးစွဲခြင်းသည် ပြုလုပ်ရလွယ်ကူခြင်း၊ သီးနှံပင်ဖြစ်ထွန်းအောင်မြင်၍ အထွက်နှုန်း ကောင်းမွန်ခြင်း၊ ကျန်းမာရေးအထောက်အကူပြုသော စားသုံးသီးနှံထုတ် လုပ်ပေးနိုင်ခြင်း၊ ဓာတ်မြေဩဇာ အသုံးလျှော့ချ၍ သွင်းအားစု စရိတ်လျှော့ချနိုင်ခြင်း၊ ဝင်ငွေ ပိုမိုရရှိနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း၍ ရေရှည်မြေဆီ ဩဇာထက်သန်ကောင်းမွန်စေခြင်းတို့ကြောင့် သဘာဝမြေဆွေးပြုလုပ်သုံးစွဲခြင်းကို မဖြစ်မနေ တိုးချဲ့ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းဖော်ပြအပ်ပါသည်။ ။