ဖလမ်း         ၅     ဇွန်       

 

၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်ကို ကမ္ဘာ့ကုလ သမဂ္ဂ က “သဘာဝဂေဟစနစ်ကြီးထဲတွင် ဇီဝမျိုးစုံ မျိုးကွဲများ အလွန်လျန်မြန်စွာ ဆုံရုံးနေမှုနှင့် သဘာဝ ယိုယွင်းပျက်စီးနေမှုများကို တိုက်ဖျက်နိုင်ရေးအတွက် အရေးယူဆောင်ရွက်ကြရန်ဟု လည်းကောင်း၊ မြန်မာနိုင်ငံ အနေဖြင့် “တို့ကမ္ဘာမြေ ရေရှည်တည်တံ့စေဖို့ ဇီဝမျိုးစုံ မျိုးကွဲများနှင့် သဘာဝပတ်ဝန်း ကျင်တို့ကို အချိန်မီထိန်းသိမ်းကြစို့ဆောင်ပုဒ်ဖြင့် ကမ္ဘာ့နိုင်ငံများနှင့်အတူ ဆောင်ရွက်မည်ဖြစ်သည်။

 

နိုင်ငံသူ နိုင်ငံသားအားလုံး သဘာဝ( Nature )ကို ချစ်မြတ်နိုးသူများ၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်သူများ၊ ဇီဝမျိုးကွဲများနှင့် ဂေဟစနစ်များကို တန်ဖိုးထား သူများဖြစ်ကြပြီး စိမ်းလန်းစိုပြေ သာယာလှပသည့် အမိမြန်မာနိုင်ငံတော်ဖြစ်အောင် စုပေါင်း ပုံဖော်ကြပါရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် ၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ သဝဏ်လွှာတွင် တိုက်တွန်းထားသည်။

 

ဖလမ်းမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ဖလမ်းမြို့၊ လုံပီးရပ်ကွက်၊ လုံပီးတောင် ကျောက်ထုတ်လမ်းအနီး၌ ဇွန် ၅ ရက် နံနက် ၉ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက တောင်ဇလပ်ပင် (၁၀ဝ၀)ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

ဂျွန်( ပြန်/ဆက် )