ပွင့်ဖြူ    ၂၁   ဇူလိုင်    


    
မကွေးတိုင်းဒေသကြီး ၊ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ဓာတုနည်းပညာဖြင့် ပြုလုပ်ထားသည့် ကြွပ်ကြွပ်အိတ်များ အသုံးပြုခြင်းကြောင့် နှစ်စဉ်ရင်ဆိုင် ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်ကျရောက်နေမှုများအား လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ ပြည်သူများ ကြွပ်ကြွပ်အိတ်လျှော့ချသုံးစွဲရေး အသိပညာပေး  ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့မစည်ပင်သာယာဈေးအတွင်းရှိ တာဝန်ခံဈေးကော်မတီရုံး၌ ကျင်းပပြုလုပ်သည်။
    


ပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဝင်းက နေ့စဉ်ပြည်သူများ ကြွပ်ကြွပ်အိတ်သုံးစွဲမှု   များပြားလာခြင်းကြောင့် နိုင်ငံတစ်ဝန်း နှစ်စဉ်ကြုံတွေ့နေရသည့် သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုများ၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များနှင့်  သဘာဝဘေးအန္တရာယ်ကျရောက်နေမှုများ၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုပြောင်းလဲမှုဂေဟစနစ်အား ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် ကြွပ်ကြွပ်အိတ် သုံးစွဲမှုအစား သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိသည့် ထုပ်ပိုးပစ္စည်းများအား ပြောင်းလဲသုံးစွဲကြရန် ပညာပေးရှင်းဆွေး ဟောပြောသည်။ 


             
ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာသူများက မြို့တွင်းသန့်ရှင်းသာယာလှပရေး၊ နိုင်ငံတစ်ဝန်း သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ဆောင်ရန်ရှောင်ရန်အချက်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်အမှုဆောင်အရာရှိ ဦးမျိုးဝင်း က ပြန်လည်ရှင်းလင်းဖြေကြားပေးကာ ဝန်ထမ်းများနှင့် ဈေးကော်မတီဝင်များအဖွဲ့က ကြွပ်ကြွပ်အိတ်သုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်ဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များကို တက်ရောက်လာသူများနှင့် ဈေးသူဈေးသားများ၊ ဈေးဝယ်လာပြည်သူများကို လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)