ကျောက်ထု ၁၄ ဇူလိုင်

ဂန့်ဂေါခရိုင် ကျောက်ထုမြို့တွင် ဇူလိုင် ၁၄ ရက် နံနက်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ကြွပ်ကြွပ်အိတ် အသုံးပြုမှု လျှော့ချရေးအတွက် ကျောက်ထုမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာဈေးအတွင်း ပညာပေးဟောပြောခြင်း၊ စစ်ဆေးခြင်းများ ဆောင်ရွက်သည်။ 

အသိပညာပေးလုပ်ငန်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရှင်းလင်းပြောကြား ဆွေးနွေးကြကာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြသည်။ 

အဆိုပါ လုပ်ငန်းသို့ ကျောက်ထုမြို့ အုပ်ချုပ်ရေးမှူး ဦးဇော်ဌေးဦး၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)