ကနီ   ၁၆   ဇွန်       

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်၊ သစ်တာဦးစီးဌာနနှင့် အိုင်တောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ၊ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်နှင့် စာစီစာကုံးပြိုင်ပွဲ ဆုပေးအပ်ပွဲကို ဇွန် ၁၆ ရက်နေ့ မွန်းလွဲ ၁နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် အိုင်တောင်ကျေးရွာအုပ်စု၊ အိုင်တောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။

 

5

 

အခမ်းအနားတွင် ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသိုက်စိုးထွန်းတို့က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ကနီမြို့နယ် လူထုဗဟိုပြုစီမံကိန်းအဖွဲ့ခေါင်းဆောင် ဦးတင်မောင်ဝင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူနှင့်လူ့ပတ်ဝန်းကျင်နှင့် အနာဂတ်မျိုးဆက်သစ်လူငယ်တို့၏ တာဝန်နှင့် ပတ်သက်၍ ပရိုဂျက်တာဖြင့် အသိပညာပေး ဆွေးနွေးပြောကြားသည်။ ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ  မြို့နယ်အင်ဂျင်နီယာ ဒေါ်ဖြူဟန်နွဲ့က အခြေခံအဆောက်အဦများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာလိုက်နာရမည့် ကျင့်ဝတ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ဆက်လက်ပြီး မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးအုန်းမော်သန်းက သစ်ပင်စိုက်ပျိုးရခြင်းရည်ရွယ်ချက်၊ သစ်ပင်တစ်ပင်ရှင်သန်အောင် စိုက်ပျိုးနည်းနှင့် ပြုစုထိန်းသိမ်းစောင့်ရှောက်နည်းများကို ရှင်းလင်းပြောကြားပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် ထိန်းသိမ်းကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်း သိရသည်။

 

7

 

အသိပညာပေးဟောပြောပွဲအပြီးတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းအထိမ်းအမှတ် စာစီစားကုံးပြိုင်ပွဲ တွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ပြီး အိုင်တောင်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြင်မြက အခုလို အသိပညာပေးဟောပြောပွဲနှင့် စုပေါင်း သစ်ပင်စိုက်ပျိုး ရခြင်း၏ရည်ရွယ်ချက်နှင့် ပူးပေါင်းဆောင်ရွက်ပေးကြသော လူထုဗဟိုပြုစီမံကိန်းနှင့် ဌာနဆိုင်ရာများကို အထူးကျေးဇူးတင်ရှိပါကြောင်း ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားအပြီး ညနေ ၄ နာရီအချိန်တွင် မြိုနယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသိုက်စိုးထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများ အိုင်တောင်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ ကျေးရွာပြည်သူများက ကျောင်းပတ်ဝန်းကျင်နှင့် ကျေးရွာကျေးလက်ကျန်းမာရေးဌာနတို့တွင် အရိပ်ရသစ်ပင်များကို တပျော်တပါး စုပေါင်း သစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သန်းဌေးအောင်(ကနီ)