သဘာဝရဲ့ အလှတရားတွေကို ဆန်းသစ်မှုတွေနဲ့ မြင်တွေ့ရမယ့် Oppo F5 Youth

၁၇ နိုဝင်ဘာ


Oppo F5 ဟာဆိုရင် ပြည်တွင်းမှာ နိုဝင်ဘာ ၁၅ ရက်က စတင် မိတ်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။ ၎င်းဟာဆိုရင် ပထမဦးဆုံး ဘေးပေါင်မဲ့ ခြောက်လက်မ မျက်နှာပြင် အပြည့်ပါတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။


Oppo F5 Youth စမတ်ဖုန်းတွင် အရည်အသွေးမြင့် (f/2.0)ရှိ 16MP Selfie ကင်မရာတစ်ခု၊ 13MP ရှိ နောက်ကင်မရာ (ကျောဘက်) တစ်ခုနှင့် ရုပ်ထွက် ပိုမိုကောင်းမွန်သော Selfie ပုံများ ရိုက်ကူးရန် Resolution 2160 × 1080 နဲ့ မျက်နှာပြင်အပြည့် (FGD+) တို့ ပါရှိတဲ့အတွက် သဘာဝရဲ့ အလှတရားတွေကို အကောင်းဆုံး ဖော်ထုတ်ပေးတဲ့ ဆန်းသစ်မှုများလည်း ပါဝင်ပါတယ်။ ၎င်း စမတ်ဖုန်းမှာ ပိုင်ရှင်ကို မှတ်သားနိုင်တဲ့ မျက်နှာပြင်ဖတ် Facial Unlock စနစ် ပါဝင်ပြီး ဖုန်းနောက်ဘက်တွင် လက်ဗွေစနစ်အား ထည့်သွင်း အသုံးပြုနိုင်ပါတယ်။


ဖုန်းရဲ့ အလေးချိန်ဟာ 152g နဲ့ 7.5mm ရှိပြီး Andrioid ဗားရှင်း 7.1 ဖြစ်ပါတယ်။ Memory ကတ် ထည့်သွင်း အသုံးပြုမယ်ဆိုရင် 256GB ထိ အများဆုံး အသုံးပြုနိုင်ပြီး Internal memory နဲ့ RAM ပါဝင်မှုကတော့  64GB, 6GB နဲ့ 32GB, 4GB  နှစ်မျိုးတို့ကို အသုံးပြုနိုင်ပါတယ်။ ဘက်ထရီအား 3200 mAh ပါဝင်လို့ တစ်နေ့တာ ကြာရှည် အသုံးပြုနိုင်ပါတယ်။ အရောင်အားဖြင့် အနီရောင်၊ ရွှေရောင်နဲ့ အနက်တို့ ထွက်ရှိထားပြီး ဈေးနှုန်းကတော့ ၃၁၉၀ဝဝ ကျပ်ဖြစ်ပါတယ်။


အေးစုမော် MDN