ပခုက္ကူ ၂၄ မတ်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနက သဘာဝတောထိန်းသိမ်းခြင်းမှ ရရှိသော ထင်းများကို ကျေးရွာများသို့ ဖြန့်ဝေလှူဒါန်းပွဲကို မတ်လ၂၃ ရက် မွန်းလွဲပိုင်းက ပခုက္ကူမြို့၊ တန့်ကြည့်တောင်တွင် ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးစိန်တိုးက သဘာဝတောထိန်းသိမ်းခြင်းမှရရှိသော ထင်းများကို ကျေးရွာများသို့ ဖြန့်ဝေရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်းနှင့် တာဝန်ရှိသူများက တက်ရောက်လာသော ကျေးရွာများသို့ထင်းများကို ဖြန့်ဝေပေးသည်။
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ရှာဒူးအုပ်စုတောင်ဘလူကျေးရွာနှင့် အရှေ့ကမ်းဖြူအုပ်စု အရှေ့ကမ်းဖြူကျေးရွာနေပြည်သူများ လက်ဝယ်အရောက် ထင်း ၁၅ တန်ကျော်ကို လှူဒါန်းဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကိုတမာ(ပြန်/ဆက်)


