နောင်ချို ၁၅ ဇူလိုင်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန (တောင်ကြီးရုံး) နှင့် ကျေးရွာအခြေပြုခရီးသွားလုပ်ငန်းကော်မတီ (နောင်ချိုမြို့)တို့မှ စီစဉ်ကြီးကြပ်ဖွင့်လှစ်သော သစ်/ဝါး အခြေခံလက်မှုပစ္စည်း ထုတ်လုပ်မှု သင်တန်းဆင်းပွဲ အခမ်းအနားကို နောင်ချိုမြို့နယ်၊ ကျောက်တောကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို ရှေးဦးစွာ ဟိုတယ်နှင့်ခရိးသွားညွှန်ကြားမှု ဦးစီးဌာန (တောင်ကြီးရုံး)မှ ညွှန်ကြားရေးမှူးဦးထင်အောင်နိုင်က သင်တန်းဆင်းမိန့်ခွန်းပြောကြားကာ၊ အသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီးဌာန (တောင်ကြီးရုံး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဦး၊ အမြဲစိမ်းသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း ဥက္ကဌပါမောက္ခဒေါက်တာ စိန်စိန်သိန်း၊ အမှတ်တရပစ္စည်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအသင်း (ရှမ်း/မြောက်)ဥက္ကဌ ဦးသိန်းမင်းထွန်းတို့က သစ်/ဝါးနှင့်ပတ်သက်၍ ကောင်းကျိုးများ၊ ဈေးကွက်ကောင်းမွန်ကြောင်း၊ အမှတ်တရပစ္စည်းများ ထုတ်လုပ်၍ ရောင်းချရာတွင် ကောင်းမွန်ကြောင်း ပြောကြားခဲ့ကြသည်။ ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများအား တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များ အသီးသီး ပေးအပ်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။
MDN


