mdn

၅ စက်တင်ဘာ

 

လွန်းထားထား၏ဝတ္ထုကို Red Radiance ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာဝင်းထွန်းထွန်း ရိုက်ကူးသည့် သစ္စာနန်းတော်ရုပ်ရှင်ဇာတ်ကားကြီးတွင် မြင့်မြတ်၊ ရဲအောင်၊ စိုးမြတ်သူဇာ၊ ရွှေမှုံရတီ၊ နန်းဆုဦးနှင့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

 

“သစ္စာတရားကို တန်ဖိုးထားတဲ့ မိန်းကလေးအဖြစ် ရွှေမှုံရတီပေါ့။ သစ္စာတရားကို တန်ဖိုးထားတဲ့ ယောကျာ်းလေးကတော့ မြင့်မြတ်ပါ။ ဒရမ်မာဇာတ်ကားဆိုတော့ ထုံးစံအတိုင်း ဇာတ်ကအနိမ့်အမြင့်၊ အတက်အကျ စတာတွေကို အသားပေးထားတယ်။ အမေနဲ့သား၊ အစ်ကိုနဲ့ညီမ မေတ္တာတရားတွေကို ပုံဖော်ထားတယ်။ မိခင်ဆိုတာ ဘယ်လိုဆိုတာကိုတော့ စိုးမြတ်သူဇာက သရုပ်ဆောင်ထားတယ်၊ သူက အဲဒီကားမှာ ပြည့်တန်ဆာတစ်ဦးလည်း ဖြစ်တယ်။ သို့သော် ဆရာ ဘဘဦးသုခပြောသလို အမေဟာ ပြည့်တန်ဆာဖြစ်ပါစေ၊ အမေဟာ အမေဆိုတဲ့အတိုင်း အမေဆိုတာကိုပြသသွားမယ်” ဟု ဒါရိုက်တာဝင်းထွန်းထွန်းက ပြောသည်။

 

အဆိုပါဇာတ်လမ်းကို လွန်ခဲ့သည့် နှစ် ၂၀ ကလည်း ဗီဒီယိုအဖြစ် ရိုက်ကူးထားပြီး ယခုအခါ ပရိသတ်အတွက် ရသတစ်မျိုးခံစားရစေရန် ရည်ရွယ်လျက် ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ရိုက်ကူးခဲ့ကြောင်း၊ ဇာတ်အိမ်အဖွင့်ပိုင်း၊ ဇာတ်သိမ်းပိုင်းများတွင် ဝတ္ထုနှင့်မတူညီကြောင်း ဒါရိုက်တာက ပြောသည်။

 

ကိုလင်း