ရေနံချောင်း ၄ နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ရေနံချောင်းမြို့နယ်တွင် ကိုင်းမြေများနှင့် ဥယျာဉ်ခြံမြေ၊ ချောင်းမြေနုများတွင် သစ္စာပန်း မေမြို့ပန်းများကို အဓိကစိုက်ပျိုးကြပြီး အလှူအတန်း ပေါများသောကြောင့် အရောင်းသွက်ကာ တွက်ချေကိုက်နေကြောင်း သိရသည်။

 

သစ္စာပန်းစိုက်ပျိုးရာမှာ အရင်ကလို ပျိုးစေ့ကိုမြေချပြီး မစိုက်ရတော့ဘူး။ မန္တလေးကနေ ပျိုးငုတ်ကိုပဲ မှာယူပါတယ်။ ဈေးကလည်း သက်သာပါတယ်။ အချိန်ပေးပြီး မစိုက်ရတဲ့အပြင် အလုပ်သမားခ သက်သာတာပေါ့။ လက်ရှိ သစ္စာပန်း ပန်းအစည်းတစ်ရာကို ၃၀ဝ၀ဝ ကျပ်ကနေ ၅၀ဝ၀ဝ ကျပ်အထိ ပန်းအနေအထားပေါ် မူတည်ပြီး ဈေးရတယ်။ ယခင်နှစ်ကထက် ပန်းဈေးအစည်းတစ်ရာကို ၅၀ဝ၀ ကျပ်ကနေ ၈၀ဝ၀ ကျပ်အထိ ပိုရတယ်။ တွက်ချေ ကိုက်တယ်ဟု ဖောင်းကတောကျေးရွာအုပ်စုမှ တောင်သူတစ်ဦးက ပြောသည်။

 

အထက်ပါ ဒေသထွက်ပန်းများကို ရေနံချောင်းမြို့နယ်၊ ချောက်မြို့နယ်၊ ကျောက်ပန်းတောင်း မြို့မဈေးအထိ တင်ပို့ကြောင်း သိရသည်။

 

ဆန်းညွန့်(ရေနံချောင်း)