နတ်တလင်း ဒီဇင်ဘာ ၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးလုပ်ငန်းများဆောင်ရွက်စေရန် ရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေထုတ်ချေးခြင်းကို ဒီဇင်ဘာ ၈ ရက်က သစ်စိမ့်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ စီမံကိန်းချေးငွေများ ထုတ်ချေးပေးရာတွင် နတ်တလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး၀င်းနိုင်ထွန်းနှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခဲ့ပြီး ကျေးလက်ဥပဒေတွင်ပါရှိသော ကျေးလက်ဒေသနေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါစီမံကိန်းချေးငွေများဖြင့် မိသားစုဝင်ငွေ တိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းအသင်းသား ၁၄၄ ဦးထံသို့ အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ် ၃၁ ဒသမ ၇၇ သန်းကို နေ့ချင်းပြီး ထုတ်ချေးပေးနိုင်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ထွန်းထံမှ သိရသည်။
ဖြိုးလေး (ကျေးလက်)


