သစ်ကြားသီး ဈေးကောင်းရ၍ သစ်ကြားသီးစိုက်တောင်သူများ အဆင်ပြေ

ဆဒုံး   ၂၁   စက်တင်ဘာ 

 

ကချင်ပြည်နယ်  ဆဒုံးမြို့နယ်တွင် သစ်ကြားသီးစိုက်တောင်သူများ သစ်ကြားသီးဈေးကောင်းရ၍ အဆင်ပြေကြောင်း သိရသည်။

 

သစ်ကြားသီးပင်ကို အအေးပိုင်းဒေသဖြစ်သည့် ဆဒုံးမြို့နယ်တွင် စိုက်ပျိုးကြပြီး စက်တင်ဘာလ သစ်ကြားသီးပေါ်ချိန် သစ်ကြားသီးတစ်လုံးလျှင် ငါးဆယ်ကျပ်ဈေးရသဖြင့် သစ်ကြားသီးပင်စိုက်ပျိုးသည့် တောင်သူများ  များပြားလာပြီး ဧကလိုက်စိုက်ပျိုးကြသဖြင့် တစ်နှစ်လျှင် သစ်ကြားသီးရောင်းရငွေ သိန်း (၅၀) ခန့်ဝင်ငွေရရှိကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

MDN