ကသာ ၂၄ မေ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့တွင် လူ့ပယောဂကြောင့် ပျက်စီးဆုံးရှုံးနေသော ရွှေသတ္တုရှာဖွေပျက်စီး မြေနေရာများကို သစ်မျိုးစေ့များ ပျက်စီးလေလွင့်မှု လျော့နည်းကျဆင်းရေး သစ်မျိုးစေ့ပစ်ကြဲနည်းကို သစ်တောဦးစီးဌာနတွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
“ကျတော်တို့ သစ်တောအခေါ်ကတော့ Seed ball လို့ ခေါ်ဆိုပါတယ်။ သစ်စေ့ကို စိုက်ပျိုးမည်ဆိုလျှင် ပျိုးထောင်မြေပြုခြင်း၊ ပုန္နက်ချခြင်း၊ သယ်ယူစိုက်ပျိုးရခြင်း၊ ရေလောင်းရခြင်းများ ပြုလုပ်ရတာ အလုပ်အများကြီးလုပ်ရသလို အချိန်တွေကုန်ဆုံးစေပါတယ်။ ယခုလုပ်ထားတာကတော့ ရွံ့စေးမြေးပျော့အား နွားချေးဖြင့် ရောနှောကာ အသင့်ပြုလုပ်ထားသော မြေထဲသို့ စိုက်ပျိုးလိုသည့် သစ်စေ့အား ထည့်သွင်း၍ သင့်လျော်သော ပုံသဏ္ဌာန်အလုံးလေးများလုံးကာ အခြောက်ခံထားရှိပါတယ်။ သစ်စေ့များ ရက်အနည်းငယ်မှာ အညှောက်ပေါက်လာတယ်။ မိုးရာသီကာလမှသာလျှင် ပြုလုပ်အဆင်ပြေပြီး အနီးအဝေးပစ်ကြဲချနိုင်ဖို့ လေခွအသုံးပြုရန် လိုအပ်ပါတယ်”ဟု ကသာမြို့နယ် တောအုပ်ကြီး ဦးဘိုသိန်းမှ ရှင်းပြပေးခဲ့သည်။
ကသာမြို့နယ် သစ်တောဦးစီးဌာနရုံးတွင် ကုက္ကိုလ်စေ့ ၇၇၀၀၀၊ ဘောစကိုင်းစေ့ ၄၆၆၈၀၊ ရှားစေ့ ၁၅၈၄၀ စုစုပေါင်း ၁၃၉၅၂၀ စေ့ ပြုလုပ်ထားရှိပြီးကြောင်းနှင့် ကသာခရိုင် ဗန်းမောက်မြို့နယ် သထ္ထုရွှေတူးဖော်၍ ပျက်စီးမြေနေရာများကို သစ်တောများ ပြန်လည်ရှင်သန် စိမ်းလမ်းစေဖို့ မျိုးစေ့လုံးများကို ဖြန့်ဖြူးပံ့ပိုးပေးသွားရန် ဆောင်ရွက်နေကြောင်း သိရှိရသည်။
ထို့ပြင် ဗန်းမောက်မြို့နယ်တွင် သထ္ထုရွှေတူးဖော်မှုကြောင့် လယ်ယာမြေများ၊ ချောင်းမြောင်းများ၊ သဘာဝသစ်တောများ တစ်ပိုင်တစ်နိုင် ရှာဖွေလုပ်စားသူများထက် စက်ယန္တာရာကြီးများ ရှာဖွေတူးဖော်မှုအပေါ် တားမြစ်အရေးယူမှု ထိထိရောက်ရောက် အရေးယူခြင်းပြုလုပ်ပေး၍ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ကျေးရွာများတိုင် စိမ်းလန်းစိုပြည်ရေး သစ်မျိုးစေ့များ ပျက်စီးလေလွင့်မှု လျော့နည်းရေး ရွံ့စေးမြေဖြင့် ထည့်လုံး၍ မျိုးစေ့ပစ်ကြဲခြင်း လုပ်ဆောင်ပေးရေး လိုလားလျက်ရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ငွေအိုး (ကသာ)


