၁၈ ဖေဖော်ဝါရီ

 

အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးရှိ ဘားနတ်ဒီနို ဒေသမှာ ပြီးခဲ့တဲ့ စနေနေ့က တောင်ခြင်္သေ့တစ်ကောင် သစ်ပင်ပေါ်ကနေ မဆင်းနိ်ုင်တာကို မြင်တဲ့အတွက် မီးသတ်သမားတွေကို ခေါ်ခဲ့ကြောင်း သိရပါတယ်။ တောင်ခြင်္သေ့ဟာ အမြင့်ပေ ၁၅ ပေမြင့်ရှိ သစ်ကိုင်းတစ်ခုပေါ်နားနေတာကို တွေ့ရပါတယ်။ 

 

1026

 

မီးသတ်သမားတွေဟာ မိနစ်အနည်းအတွင်း ရောက်လာပြီး တောင်ခြင်္သေ့ကို  ငြိမ်အောင် မေ့ဆေးပေးပြီး ကိုယ်ခန္ဓာကို ကြိုးနဲ့သိုင်းပြီး အောက်ကို သယ်ထုတ်ပြီး ကယ်ဆယ်ခဲ့ပါတယ်။ 

 

2036

 

မြေပြင်အပေါ်အရောက်မှာ လိုအပ်တာစစ်ဆေးပြီး တောထဲကို ပြန်လွှတ်ပေးခဲ့ကြောင်းသိရပါတယ်။ 

 

တောင်ခြင်္သေ့တွေဟာ ဗြိတိသျှကိုလံဘီယာ ဒေသကနေ အာဂျင်တီးနား ဒေသအထိ ကျက်စားလေ့ရှိပါတယ်။ 

 

MDN
ဓါတ်ပုံ - CALIFORNIA DEPARTMENT OF FISH AND WILDLIFE