နေပြည်တော်၊ ဇန်နဝါရီ ၁၈

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့်ပတ်ဝန်းကျင် ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်း၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် ဘွဲ့ကြိုသင်တန်းပေါင်းစုံ အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ ၁၇ ရက်၊ ညနေ ၄ နာရီက အဆိုပါတက္ကသိုလ်ရှိ ရန်အောင်မြင် ကျောင်းသားအဆောင်တွင် ကျင်းပသည်။

အားကစားပြိုင်ပွဲများတွင် ဖူဆယ်ပြိုင်ပွဲ၊    ကြက်တောင်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲ၊ Scrabble ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ esport ပြိုင်ပွဲများကို ဇန်နဝါရီ ၃ ရက်မှ ၁၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး ပထမနှစ်မှ ပဉ္စမနှစ်အထိ ဘွဲ့ကြိုသင်တန်းအားလုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ 

ပြိုင်ပွဲအလိုက် ဆုရရှိသူများကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) နှင့် ဆရာ၊ ဆရာမများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်