ဖောင်းပြင် ၁၆ ဇွန်
ဖောင်းပြင်မြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သဘာဝဘေးအန္တရာယ်လျှော့ချနိုင်စေရေးအတွက် ပျိုးဥယျာဉ်မှပျိုးပင်ပေါက်များအား ယမန်နေ့နံနက်ပိုင်း အချိန်တွင် ဒေသခံပြည်သူများသို့ ဖြန့်ဝေပေးခဲ့ကြောင်း ဖောင်းပြင်မြို့နယ်(ပြန်/ဆက်)မှ သိရသည်။

ထိုသို့ပေးဝေရာတွင် ကျွန်းပင် ၅၀ဝ၊ မြောက်ငိုပင် ၃၀ဝ နှင့် ပျဉ်းကတိုးပင် ၂၀ဝ အား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ဇွန်လ(၁၉)ရက်နေ့သစ်ပင်စိုက်ပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနတွင် ပျိုးထောင်ထားသော ပျိုးပင်များကိုစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှသိရသည်။
MDN