၂၉ ဇန်နဝါရီ

သြစတြေးလျနိုင်ငံ အရှေ့ပိုင်းရှိ ရေကာတာအတွင်းသို့ မီးငြိမ်းသတ်ရဟတ်ယာဉ်တစ်စင်း ယမန်နေ့ညနေပိုင်းက ပျက်ကျခဲ့ရာ ရဟတ်ယာဉ်အမှုထမ်း သုံးဦး ဘေးကင်းရာသို့ ရေကူးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခရစ္စ အမည်ရှိ ရဟတ်ယာဉ်သည်  ဗစ်တိုးရီးယားရှိ အစွန်အဖျားကျသော ဂစ်ဆလန် တွင် မီးများလောင်ကျွမ်းနေသဖြင့် ငြိမ်းသတ်နေစဉ် ရေကာတာအတွင်းသို့ ပျက်ကျခဲ့ပြီး နစ်မြုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ဗစ်တိုးရီးယား အရေးပေါ်စီမံခန့်ခွဲမှု အုပ်ချုပ်ရေးမှူး အင်ဒရူး ခရစ် က ၎င်းရဟတ်ယာဉ်ပေါ်ပါ လေယာဉ်မှူးနှင့် အင်ဂျင်နီယာ နှစ်ဦးကို လပ်ရိုဘီ ဗာလီ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းတို့သုံးဦးသည် ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပြီး ထိတ်လန့်မှုများရှိနေကြောင်း၊ သို့သော်လည်း ဆေးရုံမှ ယခုဆင်းရဖွယ်ရှိကြောင်း အင်ဒရူး ကဆိုသည်။

ထို ရဟတ်ယာဉ်သည် ရေလီတာ ကိုးထောင် သယ်ဆောင်နိုင်ပြီး ကမ္ဘာတွင် အကြီးဆုံးသော မီးငြိမ်းသတ်ရဟတ်ယာဉ် ဖြစ်ကြောင်းနှင့် ၎င်းဟတ်ယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို မသိရသေးကြောင်း အင်ဒရူး ခရစ်၏ ပြောကြားချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို