၁၃ မေ
စနေနေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ လူထုသဘောထားစစ်တမ်းကောက်ယူမှုအရ အတိုက်အခံ သြစတြေးလျ လေဘာပါတီ (ALP) က ဦးဆောင်နေသည်ဟု သိရသည်။
ယမန်နေ့ညပိုင်းက ထုတ်ပြန်ခဲ့သော နောက်ဆုံးစစ်တမ်းများအရ လက်ရှိ အာဏာရ လစ်ဘရယ် -နေရှင်နယ်ပါတီ ညွန့်ပေါင်းအဖွဲ့ (LNP) ကို ALP က ၅၁ - ၄၉ မဲဖြင့် ဦးဆောင်ခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ် မော်ရီဆန် ၏ ထောက်ခံမှုနှုန်း ၄၆ မှ ၄၅ ရာခိုင်နှုန်းထိ ကျသွားစဉ်အတွင်း မေလအစောပိုင်းက ၃၅ ရာခိုင်နှုန်းအထက်ရှိသော မော်ရီဆန် ကဲ့သို့ သြစတြေးလျလေဘာပါတီ (ALP) ခေါင်းဆောင် ဘီလ်ရှော့တန်း သည် ၃၈ ရာခိုင်နှုန်းရှိကြောင်း လူထုသဘောထားစစ်တမ်းကောက်ယူမှုတွင် ဖြေကြားသူများက ဆိုသည်။
လေဘာပါတီသည် အထွေထွရွေးကောက်ပွဲတွင် မဲဆန္ဒ ၃၇ ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး လစ်ဘရယ် -နေရှင်နယ်ပါတီ ညွန့်ပေါင်းအဖွဲ့ (LNP) က ၃၉ ရာခိုင်နှုန်း ရရှိမည်ဟု စစ်တမ်းများကဆိုသည်။
မဲဆွယ်စည်းရုံးရေးပြုလုပ်သည့် နောက်ဆုံးသီတင်းပတ်မှာ သီးသန့်မဲဆန္ဒရှင်များအပေါ် မဲဆွယ်စည်းရုံးမှုပြုလုပ်ရေးကို အလေးထားဆောင်ရွက်ရန် ပါတီနှစ်ခုစလုံးက ကြိုးပမ်းလျက်ရှိသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို