ကင်ဘာရာ မေ ၄ 

သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်သည် မေ ၃ ရက်တွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ 

အလုပ်သမားပါတီသည် သမိုင်းဝင် အောင်ပွဲတစ်ရပ်ကို ထပ်မံရရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းမီဒီယာများက သတင်းဖော်ပြသည်။ 

မေ ၄ ရက် ဒေသစံတော်ချိန် နံနက် ၂ နာရီအချိန်အထိ မဲရေတွက်မှု ရလဒ်များအရ လေဘာပါတီသည် အောက်လွှတ်တော် အမတ်နေရာ ၁၅၀ အနက် ၈၅ နေရာကို ရရှိခဲ့ကြောင်း ဩစတေးလျ အသံလွှင့်ကော်ပိုရေးရှင်းက ကြေညာခဲ့သည်။

လစ်ဘရယ်ပါတီ ဦးဆောင်သည့် အတိုက်အခံ ကွန်ဆာဗေးတစ်မဟာမိတ်အဖွဲ့သည် အမတ်နေရာ ၄၁ နေရာနှင့် တစ်သီးပုဂ္ဂလ ၁၀ နေရာရရှိခဲ့ကြောင်း အေဘီစီသတင်းဌာနက သတင်းဖော်ပြသည်။ 

သြစတြေးလျ ပြည်သူများသည် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်ရန် ကိုယ်ပိုင်နည်းလမ်းများဖြင့် အနာဂတ်ကို တည်ဆောက်နေချိန်တွင် အချင်းချင်း အပြန်အလှန် ကူညီစောင့်ရှောက်ရန် ဝန်ကြီးချုပ် အယ်လ်ဘာနီးစ်က ထောက်ခံသူများအား ပြောကြားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တစ်ဖက်သတ်ကြေညာသည့် အမေရိကန် အခွန်စည်းကြပ်မှုနှင့် ပတ်သက်၍ ဩစတြေးလျ နိုင်ငံသားများအကြား စိတ်အနှောင့်အယှက်ဖြစ်မှုများ ကြီးထွားလျက်ရှိသည်။

လက်ရှိတွင် ဝန်ကြီးချုပ်အယ်လ်ဘာနီးစ်အနေဖြင့် အမေရိကန်၏ အခွန်စည်းကြပ်မှုနှင့် အခြားစိန်ခေါ်မှုများကိုမည်သို့ ကိုင်တွယ်ဖြေရှင်းသွားမည်လဲ ဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။ 

ကိုးကား - အင်န်အိတ်ချ်ကေ 
ဘာသာပြန် - အောင်ကျော်ကျော်