၁ ဖေဖော်ဝါရီ 

 

သြစတြေးလျးနိုင်ငံမှာ ဇန်နဝါရီလဟာ အပူဆုံးလအဖြစ် စံချိန်တင်ကြောင်း၊ အပူလှိုင်းဖြတ်တဲ့အတွက် မိုးခေါင်မှု၊ တောမီးလောင်ခြင်း စတဲ့ အကြောင်းအရာတွေ ကနေ ငါးများ အစုလိုက်အပုံလိုက် သေဆုံးကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ 

 

mdn

 

ဇန်နဝါရီလမှာ သြစတြေးလျးတိုက်တစ်ခုလုံးနီးပါး အပူချိန်ဟာ ၃၀ ဒီဂရီစင်တီဂရိတ် ကျော်တဲ့အထိရှိတဲ့ စံချိန်တင်တဲ့ အပူချိန်ဖြစ်နေကြောင်း မိုးလေဝသဌာနရဲ့ အဆိုရ သိရပါတယ်။

 

ဇန်နဝါရီလ ၂၄ ရက်နေ့က သြစတြေးလျးတောင်ပိုင်းမှာ အပူချိန်ဟာ ၄၉.၅ ဒီဂရီစင်တီဂရိတ် (၁၂၀ ဖရင်ဟိုက်) အထိ ရှိတာကိုလည်း  တွေ့ရပါတယ်။ 
ဇန်နဝါရီလမှာ အပူလိုင်းဖြတ်တဲ့အတွက် မာရေးဒါလင် မြစ်အတွင်းမှာ ငါးတစ်သန်းကျော် သေဆုံးကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ 

 

mdn

 

MDN
ကိုးကား -AFP

 

mdn