၃၁ အောက်တိုဘာ

 

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးသင့် ဒေသတွင်း အိမ်နီးချင်းတိုင်းပြည်များသို့ ကူညီမည့် ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ဆေးများဝယ်ယူရန် သြစတြေးလျနိုင်ငံက ဒေါ်လာ သန်း ၅၀၀ သုံးစွဲမည်ဖြစ်သည်။

 

ပစိဖိတ်နိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများသို့ ကူညီပေးခြင်းက သြစတြေးလျနိုင်ငံ၏ စီးပွားရေး ပြန် လည်ကောင်းမွန်စေရေးနှင့် ကျန်းမာရေးဆိုင်ရာ လုံခြုံမှုကို အထောက်အကူပြုစေမည်ဟု သြစတြေးလျ အစိုးရက ပြောကြားသည်။

 

သြစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင်က သြဂုတ်လအတွင်း အောက်စဖို့ဒ်တက္ကသိုလ်၌ ဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်နေသည့် ဗြိတိန်ဆေးဝါးကုမ္ပဏီ AstraZeneca နှင့် သဘောတူညီချက်တစ်ရပ် လက်မှတ် ရေးထိုးခဲ့သည်။

 

ဗိုင်းရပ်စ်ကာကွယ်ဆေး အတည်ပြုပါက သြစတြေးလျနိုင်ငံသို့ လွှဲပြောင်းပေးရမည့် သဘောတူညီချက် ကို သြစတြေးလျအစိုးရက AstraZeneca ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးခဲ့သည်။

 

အင်ဒို-ပစိဖိတ်ဒေသက ကမ္ဘာ့စီးပွားရေးသစ်အတွက် မောင်းနှင်အားဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြား ရေးဝန်ကြီး မာရိုက်ပေးနီက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။

 

ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ၈၄ သန်း ဝယ်ယူရန် သြစတြေးလျအစိုးရက AstraZeneca ၊ CSL University of Queensland တို့နှင့် သဘောတူညီခဲ့သည်။

 

ယခုနှစ်အကုန် သို့မဟုတ် လာမည့်နှစ်စတွင် အတည်ပြုမည်ဟု မျှော်မှန်းရသည့် ဗိုင်းရပ်စ်ကာကွယ်ဆေး များကို သြစတြေးလျပြည်သူ ၂၅ သန်းအား အခမဲ့ ထိုးပေးမည်ဖြစ်သည်။

 

Astra Zeneca ကုမ္ပဏီထုတ် ဗိုင်းရပ်စ်ကာကွယ်ဆေးကို ဗြိတိန်၊ ဘရာဇီးနှင့် တောင်အာဖရိကနိုင်ငံတို့၌ အဆင့် ၃ စမ်းသပ်မှုများ လုပ်ဆောင်လျက်ရှိသည်။

 

--ကိုးကား--Daily Mail

Ref; Australia to spend $500M on vaccine for South East Asia