သြစတြေးလျနိုင်ငံသားတစ်ဦး တရုတ်နိုင်ငံတွင် သူလျှိမှုနဲ့ အဖမ်းခံရ

၂၇ သြဂုတ်

သြစတြေးလျနိုင်ငံသား ဒီမိုကရေစီလိုလားသူ ပညာရှင်တစ်ဦးကို တရုတ်နိုင်ငံမှာ သူလျှိုမှုနဲ့ အဖမ်းခံနေရတာ ၇ လရှိပြီဖြစ်ကြောင်း၊ အဖမ်းခံနေရသူကို အခြေခံတရားမျှတမှုရရှိရန် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မာရီးစ် ပိန်း က ဒီကနေ့ (အင်္ဂါနေ့) မှာ တောင်းဆိုလိုက်ပါတယ်။ 

တရုတ်နိုင်ငံဖွား သြစတြေးလျနိုင်ငံသား ဒေါက်တာ ယန်းဟန်ဂျန်း ကို သူလျှိုလုပ်တယ်လို့ သံသယရှိတဲ့အတွက် ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း မစ္စ ပိန်းက ပြောပါတယ်။ 

ဒေါက်တာယန်း ဟာ အရင်က အစိုးရဝန်ထမ်းဖြစ်ပြီး အခုတော့ စာရေးဆရာအဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံကနေ တရုတ်နိုင်ငံကို ဇန်နဝါရီက ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ယန်းဟာ နာမည်ကြီး ဘလော့ဂါ နဲ့ ဆိုရှယ်မီဒီယာသုံးစွဲသူဖြစ်ပြီး သူရဲ့ပို့စ်အများစုမှာ တရုတ်အစိုးရကို ဝေဖန်ထားတာမျိုးကို တွေ့ရပါတယ်။ ယန်းရဲ့ တွစ်တာအကောင့်တစ်ခုတည်းမှာ သူ့ပရိသတ်အဖြစ် အကောင့် ပေါင်း ၁၂၅၀ဝ၀ ကျော်ရှိပါတယ်။ 

 

mdn

 

ဒေါက်တာယန်းဟာအဖမ်းခံရပြီးနောက်ပိုင်း ဘာကြောင့်ဖမ်းတယ်ဆိုမျိုး ပြောဆိုခြင်းမရှိသလို သူရဲ့ဆွေမျိုးများနဲ့ ရှေ့နေများပါ တွေ့ဆုံခွင့် မရခဲ့ကြောင်း၊ ဒေါက်တာယန်းရဲ့ နိုင်ငံရေးယုံကြည်မှုကြောင့် အဖမ်းခံရတယ်ဆိုရင် သူ့ကို ပြန်လွှတ်ပေးသင့်ကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ 

MDN
ကိုးကား -AFP